Unicode
၃ကြိမ်မြောက် ရောက်လာခဲ့သော ဆောင်းရာ
သီ...။ တစ်နေ့နေ့တော့ အိမ်ကလေးမှာ မီး
ရောင်လေးတွေ လင်းလက်လာဦးမှာပါဟူ၍
မျှော်လင့်ချက်ကလေးဆုပ်ကိုင်ကာ လွမ်းတဲ့
အခါတိုင်း လာငေးကြည့်မိဆဲ။ချစ်စရာကလေးမလေးနှင့်သိပ်ကိုကြည့်ကောင်းတဲ့ ဖခင်ဖြစ်သူတို့ ပျော်မြူးနေကြတဲ့
ပုံရိပ်လေးတွေသည် မြင်ကွင်းထဲထင်ဟပ်လာပေမဲ့ တကယ်တမ်းက ပုံရိပ်ယောင်တွေ
သာဖြစ်သည်။အဲ့ဒီနှစ်ရဲ့ စာသင်နှစ်တွေအဆုံးမှာပဲ သားအဖနှစ်ယောက်ဒီနေရာလေးကနေ ပျောက်ကွယ်သွားခဲ့ကြတာ။
Berry တို့အဖေသည် အပိုစကားတစ်ခွန်းမှ
မပြောခဲ့ဘဲ ဂျီမင်းလိုချင်တဲ့လမ်းကိုသာ
ရွေးချယ်ပေးသွားခဲ့သည်။ ဂွန်လေးတစ်
ယောက်အတွက် ကြုံဆုံခဲ့ရတာတွေနဲ့တင်
မောပမ်းနွမ်းနယ်မှုတွေရဲ့အတိုင်းအတာကို
သိနေခဲ့ပြီးပြီမို့ Berry တို့သားအဖအပေါ်ကို
တော့ ဒီလိုနာကျင်မှုတွေမခံစားရစေချင်ခဲ့တာ သူ့ရဲ့စိတ်ရင်းအမှန်ပါ။ပြီးတော့ တူလေးဖြစ်သူသည် ယုံကြည်ရတဲ့
တစ်ဦးတည်းသော ဦးငယ်လေးဆီကနေပါ
တူညီတဲ့ဖြစ်ရပ်မျိုးထပ်ကြုံတွေ့လာရမယ်
ဆိုရင်...ဘယ်အခြေအနေထိဖြစ်သွားမလဲဆိုတာကို သူကကောင်းကောင်းကြီးသိသည်။
ဒီလိုပုံစံလေးဖြစ်လာဖို့တောင်
သူအများကြီးကြိုးစားပြုပြင်ပေးခဲ့ရတာ။
ဂွန်းလေးထပ်ပြီး အလဲလဲအပြိုပြိုဖြစ်သွား
မှာကို မမြင်ချင်ခဲ့တာမို့။မပိုခဲ့ရင်တောင် အစ်ကို့ထက်မလျော့တဲ့
မေတ္တာတရားတွေနဲ့ပါ။သူ့ပတ်ဝန်းကျင်က
လူနည်းစုလေးကို အေးအေးချမ်းချမ်းရှင်သန်
စေချင်ခဲ့ရုံလေးပါပဲ။ခြုံနွယ်လေးတွေ တဖြည်းဖြည်းများလာတဲ့ခြံ
ဝင်းလေးဆီရောက်လာမိတိုင်း မျက်ရည်လေးတွေဝိုင်းလာရစမြဲဖြစ်သည်။သားအဖနှစ်ယောက် တစ်နေရာရာမှာ ပျော်
ရွှင်နေပါစေ။အိမ်ပြန်ရောက်တာနှင့်ညစာပင်မစားနိုင်ဘဲ
အိပ်ရာထဲတန်းဝင်သွားသည့် ဦးငယ်လေးကို
ကြည့်ပြီး ဂွန်းလေးရင်ထဲဝမ်းနည်းသွားသည်။