PASSWORD - 10 (Finale)

8.2K 929 239
                                    

Unicode

ဦးငယ်လေး သွားမယ့်မနက်မှာ ဂွန်းလေးနဲ့
ချယ်ယောင်းတို့သည်လေဆိပ်ကို လိုက်ပို့
ပေးကြသည်။ ၁၅နှစ်နီးပါးအတူတူနေလာကြတဲ့သံယောဇဉ်တွေဖြစ်သည့်အပြင် အဖေလို
အစ်ကိုလို သူငယ်ချင်းလို ချစ်ရတဲ့ဦးငယ်
လေးဖြစ်နေတာမို့ လှစ်ဟာသွားတဲ့ခံစားချက်
နဲ့အတူ ဝမ်းနည်းနေရတာက အမှန်ဖြစ်သည်။

"ကျန်းမာရေးဂရုစိုက်နော်"

"အေးပါ... မင်းလဲဂရုစိုက်။ ချယ်ယောင်းရေ
ဂွန်းလေးကို အပ်ခဲ့တယ်နော်"

"စိတ်ချပါ "

"ဒီကောင် မလိမ္မာတာရှိရင် အချိန်မရွေး
လှမ်းတိုင်နော်... ဦးငယ်လေးဆုံးမပေးမယ်"

"ဟုတ်... လှမ်းတိုင်မယ်"

"အထဲဝင်ရတော့မယ်ဆိုတော့ သွားပြီနော်"

ကျောပြင်သေးသေးလေး ဝေးဝေးကိုရောက်
သွားတော့ ဂွန်းလေးဆီက ရှိုက်သံထွက်လာ
သည်။

"ဟိုသားအဖက သေသေချာချာဂရုစိုက်မှာပါ
ဟယ်... စိတ်ကိုလျှော့ထားစမ်းပါ"

"..."

"ဦးငယ်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ။
Berryတို့ပါပါးက ဘယ်လောက်တောင်ချစ်
လိုက်မလဲမသိဘူး...။ ဂွန်းလေး"

"ဘာလဲဟာ"

"နင်ပိုက်ဆံကြိုးစားရှာစမ်းပါ"

"ဘာလုပ်ဦးမလို့တုန်း"

"နယ်သာလန်ကိုလိုက်သွားပြီး ဦးငယ်လေး
တို့စုံတွဲကို လိုက်ကြည့်ချင်လို့ပေါ့ဟ...
အမလေး တွေးကြည့်ရုံနဲ့တင် ကြက်သီးထ
တယ်... Berryတို့အဖေ အရမ်းသဲသဲလှုပ်နေ
မှာငါမြင်ယောင်သေးတယ်"

"နင်က Berryတို့အဖေကို မြင်တောင်မမြင်
ဖူးဘဲနဲ့"

"မမြင်ဖူးလဲ ခံစားလို့ရတယ် ခံစားချက်မရှိတဲ့
ကောင်ရဲ့"

***********

တစ်ဖက်က Berryတို့ပါပါးသည်လဲ
ဂျီမင်းလေယာဉ်ပေါ်တက်သွားပြီ ဆိုထဲက
လေဆိပ်မှာပဲ သွားအိပ်တော့မလို ခြေမကိုင်
မိလက်မကိုင်မိဖြစ်ကာ နာရီတကြည့်ကြည့်
လုပ်နေသည်။ ၁၂နာရီနီးပါးစီးလာရမည်ဖြစ်တာမို့ ဒီဘက်ကို မနက် ၂နာရီလောက်ရောက်
လာနိုင်တယ်လို့တော့ခန့်မှန်းရသည်။

PASSWORDWhere stories live. Discover now