Unicode
လူဦးရေ ၃၀၀၀ အောက်သာ နေထိုင်သော
Giethoornရွာငယ်လေးသည် Overijssel
ပြည်နယ်တွင်တည်ရှိကာ အမ်စတာဒမ်မှ သွားမည်ဆိုလျှင် 120km ခန့်အကွာအဝေး
ရှိသည်။ တူးမြောင်းများဖြင့် ရွာကလေးအား
အကွက်ချ ပတ်ခွေထားကာ ရေလမ်းခရီး
တစ်ခုတည်းကိုသာ အသုံးပြုနိုင်သဖြင့် နယ်
သာလန်၏ မော်တော်ယာဉ်ကင်းမဲ့ဇုန်လေးဟူ
၍လည်း လူသိများကျော်ကြားသည်။ကတ္တရာလမ်းမကျယ်တွေအစား လူသွား
လမ်းကျဉ်းကလေးတွေ၊ စက်ဘီးပတ်လမ်း
ကလေးနှင့်တူးမြောင်းများကိုသာ Giethoo
-rnရွာလေးတွင်မြင်တွေ့ရလိမ့်မည်။ ရွာနေ
လူဦးရေ နည်းပါးသော်ငြားလည်း ဒီချစ်စ
ဖွယ်ရွာကလေးဆီသို့ နှစ်စဉ်ကမ္ဘာလှည့်
ခရီးသွားအယောက် ၁သန်းခန့် လာရောက်
လည်ပတ်လျှက်ရှိသည်။မြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်တွင်တည်
ဆောက်ထားသည့် ရှေးခေတ်သက်ကယ်မိုး
လုံးချင်းတိုက်ကလေးများကြောင့်လည်း
Giethoornရွာကလေးက နာမည်ကြီးသည်။
ခြံစည်းရိုးဟူ၍ အထူးတလည်တည်ဆောက်
ထားတာမျိုးမရှိဘဲ အရောင်အသွေးစုံသည့်
ဉယျာဉ်အသေးလေးများကိုသာ အိမ်တိုင်း
နီးပါးမှာ မြင်တွေ့နိုင်ကာ တူးမြောင်းတွေ
ကြားထဲက လှေငယ်လေးပေါ်မှလှမ်းကြည့်
လျှင် ကမ္ဘာအသစ်တစ်ခုသို့ ရောက်သွားသ
လို ခံစားချက်မျိုးကိုပေးစွမ်းသည်။