Unicode
၂၀၂၁ခုနှစ် ၊ နယ်သာလန်။
မွေးနေ့တွေကလဲ ပုံမှန်ရက်တွေလိုပါပဲ။
၃၈ကြိမ်မြောက်ဆိုတော့ ရင်ခုန်စရာရယ်လဲ
မရှိတော့ပါဘူး။ သမီးငယ်ကိုယ်တိုင်လုပ်
ပေးတဲ့ ကိတ်ကလေးစားရတဲ့အချိန်မှာ ပီတိ
ဖြစ်ရတာလေးကလွဲရင် တခြားပျော်စရာဆို
တာမရှိ။စာကြည့်စားပွဲရှေ့ထိုင်လိုက်ပေမယ့် အရင်
နှစ်ကလို စာလှမ်းပို့ဖို့ကိုတော့ တွေဝေနေမိ
သည်။ သို့ပေမဲ့လဲ နေ့စဉ်ရက်ဆက်နီးပါး
ပို့လာခဲ့တဲ့ ကိစ္စပေမို့ လွယ်လွယ်နဲ့တော့
ဖြတ်ချလိုက်ဖို့ရာ မတတ်နိုင်ဘူးပေါလေ။Laptopကိုဖွင့်လိုက်ကာ ဘာတွေရေးပြီးပို့
ရင်ကောင်းမလဲစဉ်းစားမိသည်။ လွမ်းတဲ့
အကြောင်း သတိရတဲ့အကြောင်းတွေက
အက်ကြောင်းထပ်နေခဲ့ပြီးပြီမို့ တစ်ဖက်က
များဖတ်မိခဲ့လျှင် ငြီးငွေ့သွားမှာကိုတောင်
စိုးရိမ်ရသည်။ဘာမှမရေးဘဲတော့လဲ မနေချင်တာမို့ ဒီနေ့
ကိုယ့်မွေးနေ့မို့ ပိုပြီးသတိရတယ်ဆိုတာမျိုး
လောက်ဆို အဆင်ပြေမလားမသိ။ ဒီအတိုင်း
Screenကို ကြည့်နေတဲ့အချိန်မှာပင် mail
တစ်ခုကဝင်လာသည်။ခန္ဓာကိုယ်က တောင့်တင်းသွားကာ အသိစိတ်
သည် လူနှင့်ကပ်မနေတော့။ ဖြစ်မလာနိုင်တဲ့ကိစ္စမို့ မြင်နေရသည့်တိုင် လူကထုံထိုင်းနေဆဲ[အစ်ကို
ကျွန်တော် ဂျီမင်းပါ။
သတိရတယ်။ လွမ်းပါတယ်။
မွေးနေ့မှာပျော်ရွှင်ပါစေ ]Berryတို့အဖေသည် ရုတ်တရက် ဘာလုပ်လို့
လုပ်ရမှန်းမသိဖြစ်ကာ ထိုစာသားကိုသာ
အခေါက်ခေါက်ရေရွတ်နေမိသည်။"ဂျီမင်း... ဂျီမင်းလား"
အပိုအလိုတွေမပါတဲ့ စာသားတွေသည် ရိုးရိုး
အေးအေးနေတတ်တဲ့ ဦးငယ်လေးရဲ့အမှတ်
အသားလေးတွေထဲကတစ်ခုဖြစ်သည်။
ကျွန်တော်ဂျီမင်းပါ...တဲ့။ သူတစ်ခဏတော့
ရူးသွားသည်လားမပြောတတ်။ဒီအကောင့်ကို သိထားသူက ဂျီမင်းအပြင်
Berryလေးလဲရှိနေသေးတာမို့ သမီးကများ
သူ့ကိုလှမ်းပြီးစလိုက်သလားတွေးကာ
အိမ်ပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။
စတာလဲ ဖြစ်တော့မဖြစ်နိုင် ဒီအကောင့်ပေး
ပြီးထဲက ဒီလိုပြန်စာမျိုးတစ်ခါမှကို မရခဲ့ဖူး
တာ သူအသိဆုံး။ သမီးမှာ ဂျီမင်းဆီဆက်
သွယ်ဖို့အတွက်လဲ ဘာဆိုဘာမှရှိမနေတာမို့
သူ့ခေါင်းထဲ လိုက်မမှီနိုင်အောင်ရှုပ်ထွေးသွား
သည်။