PASSWORD - 2

6.3K 945 83
                                    

Unicode

၂၀၁၁ခုနှစ်
(အထက်ပါ အဖြစ်အပျက်များ ပြီးနောက်
၃နှစ်ခန့်ကြာသော်)

နွေနဲ့ဆောင်းဦးကူးလူးယှက်နွယ်နေတဲ့
ကာလအပိုင်းအခြားလေးသည် မပူလွန်း မအေးလွန်း သက်သောင့်သက်သာ ဖြစ်စေတဲ့
အငွေ့အသက်လေး ကမ္ဘာမြေပေါ်လွှမ်းခြုံ
ပေးထားခြင်းဖြင့် သဘာဝတရားရဲ့
တာဝန်ကို အတိအကျထမ်းဆောင်လျက်
ရှိနေသည်။

ချိန်းထားတဲ့အချိန်ထက် နာရီဝက်လောက်
စောနေပေမဲ့ ဂျီမင်း ဒီခြံဝင်းလေးရှေ့မှာ
ရပ်နေတာ ၁၅ မိနစ်ခန့်ရှိပြီ။ တစ်ပေပတ်
လည်ခန့်ရှိတဲ့ လေးထောင့်ဆန်ဆန် ကျောက်
တုံးတွေကို ညီညီညာညာပုံဖော်ထားကာ
ကာရံထားသည့် သဘာဝဆန်ဆန်ခြံစည်းရိုး
လေးရဲ့အမြင့်က ဂျီမင်းရဲ့ပုခုံးခန့်တော့
ရှိလောက်မည်ထင်သည်။

ခြံဝင်းထိပ်ကနေ လှမ်းတွေ့နေရသည့်
တစ်ထပ်တိုက်ပုလေးကို လှမ်းကြည့်လိုက်၊
အပေါ်ထပ် ဆွယ်တာအပါးလေးကို သပ်သပ်
ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်နှင့် လူခေါ်ဘဲလ်ကို နှိပ်လိုက်ရင်ကောင်းမလား ၊ ဒီအတိုင်း
လှည့်ပြန်သွားရင် ကောင်းမလား ဝေခွဲမရ
ဖြစ်နေသည်က ၁၅မိနစ်လောက်ရှိနေပြီ။

ဘူတာနားက ခပ်နွေးနွေးလေထုငယ်နဲ့
ကွာခြားစွာပဲ ဂန်းနမ်ရပ်ကွက်လေးကတော့
ထင်ထားတာထက်ပိုတဲ့ အေးစက်စက်လေ
ထုငယ်နှင့်သာ သူ့ကိုစောင့်ကြိုနေသည်။

လှည့်ပြန်လိုက်ရင်ကောင်းမလားတွေးမိပေမဲ့
နောက်လကုန်ရင်ပေးရမဲ့ ကျောင်းလခနှင့်
တူတော်မောင်ရဲ့ ဘာသာစကားသင်တန်း
ကြေးအကြောင်း ခေါင်းထဲဝင်လာတယ်
ဆိုရင်ပဲ တွန့်ဆုတ်နေတဲ့အတွေးတွေသည်
လည်း တမဟုတ်ချင်းပျောက်ကွယ်သွား
သည်။

တီ...

"အမေ့"

ကိုယ့်အတွေးနဲ့ကိုယ် မျောပါနေသည့် Jimin
ရဲ့ ဘေးနားသို့ ဟွန်းသံကျယ်ကျယ်တီးလျက်
အကြမ်းပတမ်းထိုးရပ်လာသည့် မော်ဒယ်မြင့်
ဇိမ်ခံကားတစ်စီး...။

ဆတ်ခနဲ တုန်သွားသည့် ခန္ဓာကိုယ်လေးနှင့်
အတူ ဘဲလ်ကိုနှိပ်ဖို့ပြင်နေသည့် လက်က
လေးသည်လဲ ပြန်ရုတ်သိမ်းပြီးသားပင်။

PASSWORDWhere stories live. Discover now