PASSWORD - 4

5.5K 928 42
                                    

Unicode

"ဟယ်လို"

"ဟုတ်ကဲ့အစ်ကို... ကျွန်တော်ပါ"

"ညနေကျရင် စာမသင်ခင် အချိန်နည်းနည်း
ရမလားလို့"

"နာရီဝက်လောက်တော့ရပါတယ်"

"ဟုတ်ပြီ...ဒါဆို ကိုယ်လိပ်စာပို့ပေးလိုက်မယ်။ ညနေကျရင် အဲ့ဒီကော်ဖီဆိုင်ကိုလာခဲ့နော် ... စကားနည်းနည်းပြောချင်လို့ပါ"

"ဟုတ်"

"ပြီးရင် အိမ်ကိုအတူတူပြန်ပြီး ဂျီမင်းက
စာသင်စရာရှိတာသင်လို့ရတယ်။ ခဏပါပဲ"

"ဟုတ်... အဲ့ဒါဆို ဒါပဲနော်"

Berryတို့အမေနဲ့ ဆုံပြီးနောက်ပိုင်းမှာ သူနဲ့
အစ်ကိုတို့ ထပ်ပြီးမတွေ့ဖြစ်ကြသေးဘူး။
သုံးရက်လောက်တော့ ကြာခဲ့ပြီဆိုပေမဲ့
စာသင်ပြီးလို့ ပြန်တဲ့အချိန်အထိ အစ်ကို
အလုပ်ကနေပြန်ရောက်မလာခဲ့တာမို့ မတွေ့ဖြစ်ကြ
တာလဲပါသည်။

Berryတို့အမေက ဂျီမင်းကိုသိပ်သဘောကျပုံမရတာမို့ စာသင်တာကို နားခိုင်းတော့မလို့
များလား။သူများအိမ်ထဲမှာ သူအရမ်းအတင့်
ရဲလွန်းမိသွားသလားမသိ။သို့လော သို့လော အတွေး
များမိပေမဲ့ အဆင်ပြေနေတဲ့ အလုပ်ကို လက်မလွှတ်လိုက်ချင်ဘူးလေ။

ကုမ္ပဏီကနေ အနည်းငယ်အလှမ်းဝေးတဲ့
ကော်ဖီဆိုင်တစ်ဆိုင်မှာ ကောင်လေးနဲ့တွေ့ဖို့
ချိန်းဆိုထားသည်မို့ အလုပ်စောဆင်းပြီး
ထိုဆိုင်သို့ အရင်ရောက်နေအောင် သွားနှင့်
လိုက်သည်။

သူ့ဘက်ကကောင်လေးအပေါ် ခံစားချက်
ရှိနေမိတာကြောင့် ကိုယ့်စိတ်ကိုယ်မလုံမလဲ
ဖြစ်ကာ ကုမ္ပဏီအနီးအနားမှာ မချိန်းဆိုချင်
တာဖြစ်သည်။ ယောကျာ်းလေးနှစ်ယောက်
သာမန်စကားပြောဆိုဖို့ ဆိုပေမဲ့ တစ်ယောက်ယောက်က ကောင်လေးအပေါ်
တစ်မျိုးမြင်မှာမျိုးကို လုံးဝမလိုချင်။

ဟေရီရဲ့အပြုအမူကြောင့် သူတို့သားအဖ
အပေါ် စိတ်ခုသွားမလားစိုးရိမ်ကာ ဒီရက်ပိုင်းမှာ တမင်ပဲ ရှောင်နေမိတာ။ ကောင်လေးနဲ့
ပတ်သက်ရင် သူ့မှာ ဆင်ခြင်တုံတရားဆိုတာ
နတ္ထိ... သတ္တိဆိုတာလဲ ဗလာကျင်းနေတတ်
ပြီး တိတ်တခိုး မြတ်နိုးနေဖို့သာ တတ်နိုင်
သည်။

PASSWORDWhere stories live. Discover now