PASSWORD - 3

5.9K 948 63
                                    

Unicode

"Berry... ပါပါးညကျရင် နည်းနည်းနောက်
ကျမယ်။ ဒေါ်လေးကို ပါပါးပြန်လာတဲ့အထိ
စောင့်နေခိုင်းနော်"

"အာလူးလေးရှိတာပဲ စိတ်မပူပါနဲ့ ပါပါးရဲ့"

"Berry... အဲ့လိုမခေါ်ရဘူးဆိုကွာ"

"ပါပါးကလဲ စာလာသင်ရင် အဲ့လိုမခေါ်ပါ
ဘူး... အခုက မနေနိုင်လို့"

Berryဟာ ဆရာအသေးလေးကို ဘယ်
လောက်တောင် အသည်းယားနေသည်မသိ။
အိမ်မှာနေရင် အာလူးလေး ဆိုတာကို ပါးစပ်
ဖျားကမချ။ စာလာသင်တဲ့အချိန်တော့ ဂျောင်ကုဆူမှာ စိုးသဖြင့် ကိုကိုဟူ၍ ခေါ်ရှာသည်။

တစ်လနီးပါးပင် ရှိတော့မည်။Berryဆီက
ဘယ်လို Complaint တက်မှုမျိုးကိုမှ မကြား
ရသေးသလို ဂျီမင်းဘက်ကလဲ အဆင်မပြေ
လို့ မသင်ပါရစေနဲ့တော့ဆိုသည့် တောင်းပန်
သံမျိုးမကြားရသည်မို့ ဂျောင်ကုတကယ်
စိတ်ချမ်းသာနေရပါသည်။

"ကဲပါ... ညနေကျရင် စာသေချာလိုက်သင်
နော်။ ဒီလ သင်္ချာအမှတ်တွေတက်လာရင်
Berry ပူဆာသမျှ အကုန်လုပ်ပေးမှာ
သိတယ်မလား ပိစိ"

"အမှတ်တွေ ခုန်တက်လာလို့ ပါပါးတောင်
မျက်စိပြူးသွားဦးမယ်"

"အေးပါကွာ... မျက်စိပြူးချင်လွန်းလို့ပါ။
ပါပါး အလုပ်ဆက်လုပ်လိုက်
ဦးမယ်...စာသေချာသင်နော် ကလေး။ ဒါပဲနော်"

"Nae..."

တစ်ဖက်က အနမ်းပေးတဲ့ အသံလေးကြား
ရပြီးသည်နှင့် ဖုန်းချသွားသည်မို့ ဂျောင်ကု
လဲ အလုပ်ထဲ အာရုံပြန်နှစ်ဖို့ကြိုးစားလိုက်
သည်။ သို့သော် ... သမီးငယ်ရဲ့ အာလူးလေး
ဟူသည့် ခေါ်သံနှင့်အတူ နာမည်ပိုင်ရှင်
ကောင်ငယ်လေးရဲ့ မျက်နှာနုနုလေးက
သူ့အတွေးထဲ တိုးဝင်လာခဲ့သည်။

✨✨✨✨✨✨✨✨✨✨✨✨

"Berry"

"ဟင်"

ဂျီမင်းရှင်းပြပြီးတဲ့ ပုစ္ဆာနှင့် ဆင်တူသည့်
တစ်ပုဒ်ကို ကိုယ်တိုင်တွက်ချက်ကာအဖြေရှာ
နေသော Berryက စာထဲစိတ်ဝင်စားနေပုံဖြင့်
ဂျီမင်းဘက်ကိုပင် မော့မကြည့်ဘဲ ပြန်ထူးလာ
သည်။

PASSWORDWhere stories live. Discover now