Chapter 1

612 34 1
                                    

Unicode

Chapter 1

Victor Lacabidze

သူက နာမည်ကျော်ပန်းချီဆရာ Mark Lacabidze ၏တစ်ဦးတည်းသောညီလေး...

သူက University of London မှာ Software Engineering ပညာရပ်ကိုလေ့လာနေတာဖြစ်ပေမယ့် သူတကယ်ဝါသနာပါတာက Ballet Dance ဖြစ်လေသည်...
သူက London Ballet School မှာငယ်ငယ်ထဲကအကသင်ယူခဲ့သူဖြစ်ပြီး ခုလည်း ကပွဲများတွင် အတော်ပင်နာမည်ရနေခဲ့သည်...

သူ့ဘဝကအရာရာပြည့်စုံပြီးကိုယ်ဖြစ်ချင်တာဖြစ်နေရသောဘဝဖြစ်လေသည်...

မိဘတွေကရော...
Mark ကရော သူဖြစ်ချင်တာတွေအကုန်ဖြည့်ဆည်းပေးခဲ့တာ...

...............

တစ်နေ့...
ကျောင်းမှ ပန်းချီဂျပိုး Jack ကြောင့် ပန်းချီပြပွဲတစ်ခုသို့သူတို့ရောက်လာကြသည်...

"ဘယ်သူ့ပန်းချီပြပွဲ....????"

စိတ်မပါသော Victor က Artist နာမည်ပင်မသိ...

"ဟာ... မင်းအစ်ကိုတစ်ယောက်လုံး အောင်မြင်တဲ့ ပန်းချီဆရာဖြစ်နေပြီး မင်းကဘာမှလဲမသိဘူး..."

"ငါ့အစ်ကိုပန်းချီဆရာဖြစ်တာကဖြစ်တာ... ငါမှပန်းချီဆရာမဟုတ်တာ... ဘာဆိုင်လို့လဲ"

"အေးပါ... စိတ်မတိုပါနဲ့"

ပန်းချီကားတွေများ...
Mark အိမ်မှာလဲ မမြင်ချင်အဆုံးပဲ...
တစ်ခါတစ်လေ....
ဘာတွေဆွဲထားမှန်းတောင်မသိ... ကြောင်ကုတ်သလိုပဲ...
သူမွေးထားတဲ့ကြောင်လေး Pinky ကို canvas စပေါ်တက်ကုတ်ခိုင်းလျှင်တောင် ပန်းချီကားဖြစ်ချင်ဖြစ်နေမှာ...

ထိုသို့ဖြင့် ပန်းချီပြခန်းဆီသို့ သူတို့သူငယ်ချင်းတစ်စုရောက်လာကြသည်....

"Wow.... Hiddleston ရဲ့ပန်းချီတွေက တကယ်လက်ရာမြောက်တယ်.... အတွေးအခေါ်ပါတယ်"

Jack ကချီးကျူးနေသော ပန်းချီကားကို Victor ပြူးကြည့်လိုက်သည်...

သိပ်တော့မဆိုးလှ....

ကြည့်လို့ကောင်းတာကလွဲရင် အဓိပ္ပါယ်တော့ သိပ်နားမလည်...
မေးပြန်ရင်လည်း Jack က ဆရာကြီးလုပ်ပြီးရှင်းပြဦးမှာ.... ပြီးမှာမဟုတ်တော့...

"ဟိုမှာတွေ့လား ပရိတ်သတ်တွေကို auto ထိုးပေးနေတာ... အဲဒါ Artist ပဲ... Tom Hiddleston တဲ့"

The Boyfriend-sitter (Completed)Where stories live. Discover now