Unicode
Chapter 9
ကျောင်းမသွားခင်မနက်စောစော Victor, Tom ရဲ့အိမ်ကိုဝင်လိုက်သည်....
Tom က ပန်းချီဆွဲနေပြီ....
Tom က Victor လို အိပ်ပုတ်မဟုတ်...
အမြဲတမ်းအိပ်ယာကအစောကြီးထပြီး သူ့ခွေးလေးနှင့်အတူလမ်းလျှောက်....
ပြီးတော့ Thames မြစ်ကမ်းမှာ 5 မိုင်လောက် ပြေးတာဖြစ်လေသည်....(ဒါကြောင့်လည်း Tom,ဟာ ဘယ်အချိန်ကြည့်ကြည့် စမတ်ကျနေတာ 😁)
ပန်းချီဆွဲသည့်အခန်းထဲသို့ မထင်မှတ်စွာ Victor ရောက်လာတော့....
"Vic... အစောကြီးရောက်လာပါလား... ကျောင်းမသွားဘူးလား..."
"သွားမှာ... အစ်ကို့ကိုသတိရလို့လာတွေ့တာ..."
Victor ကြည့်ရတာမျက်နှာမကောင်း....
ဒီကလေး တစ်ခုခုများဖြစ်လာသလားဟု Tom တွေးမိလိုက်သည်....
မနေ့ကတောင် သူတော်တော်ပျော်နေခဲ့သေးတာ...
တစ်ညအတွင်း သူဘာလို့ပြောင်းလဲသွားရပါလိမ့်....Victor က အနားသို့တိုးကပ်လာပြီး သူ့ရဲ့နှုတ်ခမ်းလေးတွေကိုအနမ်းပေးတော့....
သူကလည်းတုန့်ပြန်လိုက်သည်...."ဘယ်လိုအကြောင်းအရာတွေပဲဖြစ်လာဖြစ်လာ... အစ်ကို့ကိုကျွန်တော်တကယ်ချစ်ခဲ့တယ်ဆိုတာ ယုံပါနော်...."
"ကိုယ်ယုံပါတယ်.... ကိုယ်လည်းမင်းကိုအမြဲချစ်နေမှာပါ"
Tom ရဲ့မျက်ဝန်းတွေကို သူရင်မဆိုင်ချင်...
"ကျွန်တော်သွားတော့မယ်...."
"Okay...."
Victor , Tom ရဲ့အိမ်မှထွက်လာခဲ့ပြီး ကျောင်း Canteen တွင် တစ်ယောက်တည်းထိုင်နေမိသည်...
ထိုအချိန်မှာပဲ Tom ဆီက message ဝင်လာသည်...
"ညကျကိုယ့်ဆီမှာ ညစာစားပါလား, ကိုယ်တိုင်ချက်ထားမှာ ကိုယ့်လက်ရာစားစေချင်လို့"
Victor သက်ပြင်းချလိုက်သည်...
"ကျွန်တော်မအားလို့ပါ, နောက်တစ်ခါမှနော်"
Victor, message ပြန်ပို့လိုက်သည်....
စိတ်မကောင်းပါဘူး Tom ရယ်....
ESTÁS LEYENDO
The Boyfriend-sitter (Completed)
FanficWhen you fall in love with a young boy! Tom Hiddleston fanfic 💗