Unicode
Chapter 7
Brick Lane က အမဲကင်ဆိုင်သို့ သူတို့နှစ်ယောက်ရောက်လာကြသည်...
Brick Lane က အမဲကင်ကနာမည်ကြီးပဲ Vegetarian တွေတောင် မအောင့်နိုင်ဘဲစားမိကြတဲ့အထိကောင်းလွန်းတယ်လို့ UK က Celebrity တစ်ယောက်က twitter မှာ ပြောခဲ့ဖူးသေးတာ..
အစားပုတ်လေး Victor ဟာ Beef Steak ကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲပလုတ်ပလောင်းထည့်လိုက်ရင်း....
"အရမ်းကောင်းတာပဲ...."
လို့ပြောလိုက်တော့ Tom က ပြုံးလိုက်ရင်း...
Paper Napkin တစ်ခုကိုကမ်းပေးလိုက်ရင်း....
"ဖြည်းဖြည်းစား...."
သတိပေးလိုက်ရသည်....
အဲဒီလိုပဲ....
Victor ဟာ ကောင်းတာတွေဆိုကြိုက်တတ်ပြီး အရမ်းအစားပုတ်တာ....
သူတို့စားပြီး Counter မှာ ငွေရှင်းတော့....
"Tom...???? Victor...."
သူတို့နှစ်ယောက်လုံးကို တအံ့တသြခေါ်လိုက်သည့်အသံ....
Victor ရဲ့ အစ်ကို Mark ပါပဲ....
သူ့ဘေးနားမှာလည်း ဆံပင်ရွှေရောင်လေးတွေနဲ့ကောင်လေးတစ်ယောက်....
သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်မလွှတ်တမ်းကိုင်ထားကြတာ ကြည့်ရရင်....Victor က Mark ကို တအံ့တသြကြည့်ရင်း...
"Mark.... ဒါ အစ်ကို့ boyfriend လား.... အစ်ကိုက gay လို့ ကျွန်တော့်ကိုတစ်ခါမှမပြောခဲ့ပါဘူး"
"မင်းကရော ငါ့အကြောင်းစိတ်ဝင်စားလို့လား... နေပါဦး...မင်းကရော.... Tom နဲ့ ဘယ်တုန်းက ကြိုက်သွားကြတာလဲ..."
Victor ကိုတလဲ Tom ကိုတလဲ ကြည့်ရင်းမေးလိုက်သော Mark ရဲ့စကားကြောင့်....
Tom လည်း အနေရအထိုင်ရခက်နေတုန်း
Victor က...." အစ်ကို Tom ကို ညစာဖိတ်ကျွေးတဲ့နေ့ကတည်းကပဲ....ကျွန်တော်တို့ချစ်သူတွေဖြစ်သွားတာ...."
Victor အဖြေကြောင့် Mark က Tom ကိုမယုံနိုင်စွာလှမ်းကြည့်တော့....
Tom ဟာ ရှက်နေလို့ထင်သည်....
နားရွက်လေးများပင်ရဲနေပြီ....
"Ehehehe ဟုတ်တယ်..."
YOU ARE READING
The Boyfriend-sitter (Completed)
FanfictionWhen you fall in love with a young boy! Tom Hiddleston fanfic 💗