Unicode
Chapter 12
Mona က Victor နှင့်ပတ်သက်ပြီး ဒေါသအရမ်းထွက်နေလေသည်....
Mr. O'Cornell က...
"ဒီလိုကိစ္စမျိုးတွေဖြစ်လာမှတော့ သမီးဘက်ကနောက်ဆုတ်လိုက်ပါ Mona...."
"မဆုတ်နိုင်ဘူး... Victor သမီးကိုသက်သက်အရှက်ခွဲတာ..."
"Daddy တို့ဂုဏ်သိက္ခာကိုထည့်စဉ်းစားပါဦးသမီး.... စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့..."
"ဒါ သမီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စ... Daddy တို့ဂုဏ်သိက္ခာနဲ့ဘာမှမဆိုင်ဘူး..."
Cail ကလည်း....
"Mona.... ဘာမှလက်လွန်အောင်မလုပ်ပါနဲ့.... ခုချိန်မှာ နင်သိက္ခာရှိရှိနောက်ဆုတ်လိုက်ပါဟာ..."
"Cail...နင်ငါ့အကြောင်းလဲမသိတာမဟုတ်ဘဲနဲ့... ငါခွင့်မလွှတ်နိုင်ဘူး...."
"နင်ခွင့်မလွှတ်နိုင်ရင် နင်ပဲနာကျင်ရလိမ့်မယ် Mona"
Mr. O'Cornell က သက်ပြင်းချလိုက်သည်...
"Daddy ပြောစရာရှိတာပြောပြီးပြီ... Cail... မင်းအစ်မကိုမင်းကြည့်ထိန်းလိုက်ပါ"
Mr. O'Cornell အခန်းထဲမှထွက်သွားသည်....
Mona လည်း အခန်းထဲမှထွက်သွားကာ သူ့ Company သို့ကားမောင်းလာခဲ့လေသည်...
Cail ကလည်း သူမနောက်ကို မျက်ခြေမပြတ်ကားမောင်းကာလိုက်လာခဲ့လေတော့သည်....
"ခုချက်ချင်း Lacabidze Airline က ငါ့ share တွေအကုန်ပြန်ထုတ်လိုက်.... ပြီးရင် Mr. Jones တို့ကိုဆက်သွယ်လိုက်................................."
Mona က သူ့ secretary ကိုပြောလိုက်သည်...
"ကောင်းပါပြီ Ms. O'Cornell"
"ငါခိုင်းတာ ဘယ်သူမှမသိစေနဲ့..."
"စိတ်ချပါ...."
Mona ရဲ့ secretary ရဲ့ကားလေးမောင်းထွက်သွားတော့ Cail က သူ့နောက်ထပ်လိုက်ခဲ့သည်....
သူပထမဆုံးသွားသည့်နေရာက....
Lacabidze Airline ရုံးချုပ်....
ပြီးတော့....
London ရဲ့ မြေအောက်လောကသားတွေကျက်စားတဲ့နေရာတစ်ခုဆီသို့ Mona ရဲ့ secretary ကားလေးမောင်းသွားသည့်အခါတွင်တော့...
KAMU SEDANG MEMBACA
The Boyfriend-sitter (Completed)
Fiksi PenggemarWhen you fall in love with a young boy! Tom Hiddleston fanfic 💗