Chapter 3

150 19 0
                                    

Unicode

Chapter 3

University of London....

ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်ကြီးမှာ ကျောင်းတက်ကြရသည့်ကျောင်းသားတွေအားလုံးက ခပ်ညံ့ညံ့တွေတော့မဟုတ်....

သူ့အနေအထားနှင့်သူကြိုးစားပြီးတော်ကြသည့်သူတွေချည်းပင်...

Victor ဆိုသည်ကလည်း အဲဒီလိုကျောင်းသားတွေထဲကတစ်ယောက်ပါပဲ...

ဒါပေမယ့်... လူငယ်တွေမှာတော့ လူငယ်တွေအထာဆိုတာရှိလေသည်...

စာကြည့်တိုက်ထဲမှထွက်လာသည့် Victor ကို လာစောင့်နေသူက Caroline....

Caroline ဆိုသည်က Victor ရဲ့ girlfriend ဖြစ်သည်....

သေစမ်း...

Tom ဆီကအဖြေရတာနဲ့ Caroline ကိုမေ့နေတာ...

"အော်... အဲ... Caroline..."

"ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားတာလေ... မေ့နေတာလား"

စွာတေလန် Caroline က ရန်တွေ့တော့ လူတွေကြားထဲမှာမို့ Victor ရှက်သွားသည်...

"ဟုတ်တယ်... ငါ့ presentation အရေးကြီးလို့လုပ်နေရင်းမေ့သွားတာ..."

တကယ်က Tom အကြောင်းစဉ်းစားနေတာနဲ့မေ့သွားတာ...

Caroline စိတ်ကောက်ကာထွက်ခွာသွားလေသည်...

သူလည်းလိုက်ချော့မနေတော့....

ဒါပေမယ့်....

သူစိတ်ကူးတစ်ခုရသွားသောကြောင့် Tom ရဲ့အိမ်ဘက်ဆီသို့ကားမောင်းလာခဲ့သည်...

လူခေါ် bell ကိုနှိပ်လိုက်တော့ Tom ကိုယ်တိုင်တံခါးလာဖွင့်ပေးရင်း....

သူ့ကိုတွေ့တော့ အံ့သွားသည်....

ဒီကောင်လေးက ညကသူ့ကို ရည်းစားစကားပြောသွားပြီး သူ့ဟာသူ Tom ကိုချစ်သူအဖြစ်သာသတ်မှတ်သွားတာ...

ဖုန်းနံပတ်လေးတောင်ပေးခဲ့တာမဟုတ်...

Tom မှာ သူ့ကိုယ်သူတောင် ဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်ရ....

ခုလည်း.....

ဘာမှမပြောမဆိုနဲ့ သူ့အိမ်ကိုရောက်ချလာပြန်ပြီ...

"Hey.... Tom...."

"Victor...."

"ရုပ်ရှင်သွားကြည့်မလို့ အစ်ကို့ကိုလာခေါ်တာ..."

The Boyfriend-sitter (Completed)Where stories live. Discover now