Unicode
Chapter 13
Tom....
Lacabidze Airline ရုံးချုပ်မှအပြန်....
Car parking တွင် တစ်စုံတစ်ယောက်က သူ့ခောင်းကိုရိုက်လိုက်သောကြောင့် သတိလစ်လဲကျသွားခဲ့ရလေသည်...
သူသတိပြန်ရလာတော့....
မည်သည့်နေရာမှန်းမသိသည့် အခန်းတစ်ခုထဲမှာ....
သူ့ကိုကုလားထိုင်တစ်လုံးပေါ်တွင်ကြိုးများနှင့်တုပ်ထားလေသည်...
သူ့ရှေ့တွင် ရပ်နေသူက Mona O'Cornell....
"ရှင်ကကျွန်မလုပ်သမျှကို လိုက်ဖျက်စီးနေတဲ့သူပဲ... Victor ကိုလည်း ကျွန်မလက်ထဲက လုယူသေးတယ်...."
"အဟင်း.... အရင်ကရှင့်ပန်းချီကားတွေကိုကြိုက်တယ်လို့ပြောမိတာတောင် အရမ်းနောင်တရမိတယ်..."
Mona က ခေါင်းတစ်ချက်ဆတ်ပြလိုက်တော့ Mr. Jones ရဲ့လက်သီးချက်တစ်ချက်က Tom ရဲ့မျက်နှာပေါ်ကျရောက်သွားသည်...
"အ.... Ms. O'Cornell.... မင်း Victor ကိုတကယ်ချစ်တယ်ဆိုရင် ဘာလို့ သူ့ဘဝကိုဒုက္ခရောက်အောင်လုပ်ရတာလဲ..."
"ကျွန်မကို တရားလာဟောမနေနဲ့... ကျွန်မမပိုင်ဆိုင်ရတဲ့သူအတွက် ဘာမှထောက်ထားနေစရာမရှိဘူး Hiddleston"
နောက်ထပ် လက်သီးချက်တစ်ချက်က Tom ရဲ့မျက်နှာပေါ်ကျလာပြန်သည်....
Tom ရဲ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်....
"ရှင့်ရဲ့လက်တွေပန်းချီဆွဲလို့မရတော့အောင်လုပ်ပစ်သင့်တာ...."
Mona က ခေါင်းညိတ်ပြလိုက်ချိန်မှာတော့ Mr. Jones က Tom ကိုတုပ်နှောင်ထားတဲ့ကြိုးတွေကိုဖြည်လိုပြီး လက်တွေကို လိမ်ချိုးလိုက်သည်...
"အ...."
"ပြီးရင်သူ့ကို သတ်ပစ်လိုက်တော့....."
ထိုအချိန်....
အခန်းတံခါးပွင့်သွားပြီး Victor ကိုတွေ့လိုက်ရသည်...
သူက Mona ကို သေနတ်ဖြင့်ချိန်ထားလိုက်သည်...
"Mona... နင်လုပ်နေတာတွေရပ်လိုက်ပါတော့"
"Victor နင်ဒီနေရာကို ဘယ်လိုလုပ်သိတာလဲ..."
"Cail.... Cail ပြောပြတာ, ခု ငါရဲတွေကိုလည်း အကြောင်းကြားပြီးသွားပြီ...."

KAMU SEDANG MEMBACA
The Boyfriend-sitter (Completed)
Fiksi PenggemarWhen you fall in love with a young boy! Tom Hiddleston fanfic 💗