Unicode
Chapter 8
အိမ်ပြန်ရောက်တော့....
Mark က သူ့အိမ်ရှေ့မှာ သူပြန်အလာကိုစောင့်နေသည်ကို Victor တွေ့လိုက်ရသည်....
"Victor.... ငါတို့စကားပြောဖို့လိုတယ်...."
"ကျွန်တော်အိပ်ချင်နေပြီ... "
"မရဘူး.... မင်းကိုအလိုလိုက်ခဲ့တာများပြီ... ခုတော့ ပြောမှဖြစ်မယ်...."
Mark က သူ့ကိုအမြဲအလိုလိုက်ခဲ့တာ....
သူ့အပေါ် ခပ်တည်တည်မျက်နှာထားနဲ့စကားပြောတာမျိုး တစ်ခါမှမကြုံဖူးခဲ့....
"အိမ်ထဲဝင်လေ Mark..."
အိမ်ထဲရောက်တော့ Victor က coffee နှစ်ခွက်ဖျော်လိုက်ပြီး Mark ကိုတစ်ခွက်ကမ်းပေးလိုက်သည်....
"ကျွန်တော့်ကို ဘာပြောမှာလဲ"
Mark မျက်ဝန်းတွေကိုကြည့်ပြီး သူမေးလိုက်သည်....
"Tom ကို မင်းတကယ်ချစ်တာလား..."
Mark မေးမည့်မေးခွန်းက အဲဒီမေးခွန်းလို့ Victor ထင်မထားခဲ့တာ အမှန်ပါ....
"တကယ်ပါ...."
"Victor.... ငါကမင်းကိုအရမ်းချစ်တာ မင်းသိပါတယ်.... ငါ့မှာ ညီအစ်ကိုဆိုလို့ မင်းတစ်ယောက်တည်းရှိတာ.... ဒါပေမယ့်လေ....."
Mark က coffee ကိုတစ်ငုံသောက်လိုက်သည်...
"ပြောရတာ စိတ်မကောင်းပေမယ့်.... Tom ကိုတော့ မကစားပါနဲ့.... ညီလေး"
Mark စကားကြောင့် Victor တအံ့တသြဖြင့်ရယ်မောလိုက်သည်....
"အစ်ကိုက ကျွန်တော့်အတွက်မစိုးရိမ်ဘဲ Tom အတွက်စိုးရိမ်နေတာလား...."
Tom ရေ....
ကျွန်တော့်အစ်ကိုက ခင်ဗျားဘက်ကဘက်တော်သားကြီးပါလား....
တွေးရင်းရယ်မောလိုက်မိသည်....
Mark က Tom ကိုလည်း အရမ်းသံယောဇဉ်ကြီးတာပဲဆိုသည့်အသိကြောင့် သူပျော်လည်းပျော်သွားရသည်...."ငါက မင်းတို့နှစ်ယောက်လုံးအတွက်စိုးရိမ်တာပါ.... Tom က ဘဝမှာတစ်ခါ စိတ်ဒဏ်ရာရခဲ့ပြီးပြီ... သူ့ကိုနောက်ထပ်နာကျင်စရာတွေမဖြစ်စေချင်ဘူး..."
"Mark... ကျွန်တော် Tom ကိုတကယ်ချစ်တာပါ.... တကယ်ပြောတာ...."
"ဒါဆို Caroline Moullet ကရော..."
YOU ARE READING
The Boyfriend-sitter (Completed)
FanfictionWhen you fall in love with a young boy! Tom Hiddleston fanfic 💗