Unicode
Chapter 4
Victor စိတ်ညစ်နေရသည်က....
Caroline ကြောင့်ဖြစ်လေသည်...
Caroline ကို သူဒီအတိုင်းဖြတ်လိုက်လျှင်ရသော်လည်း သူ့မှာအကြောင်းပြချက်ဘာပေးရမှန်းမသိ...
ထို့ကြောင့်...
ဒီတိုင်းပင် သူ Caroline ကိုရှောင်နေလိုက်သည်....
"Morning Tom...
ညနေကျောင်းမှာ ကျွန်တော့်ကိုလာကြိုပါ
ကားယူမလာနဲ့... ကျွန်တော့်ကားနဲ့ Thames မြစ်ဘက်ကိုသွားလည်ကြမယ်"Canteen ကနေပြီး Victor, Tom ကို message ပို့လိုက်သည်....
ခဏနေတော့ Tom ဆီမှ
"Okay Bae"
ဆိုသည့် Message လေးပြန်ဝင်လာသည်....
သူ Tom ကိုချစ်ရတာဒါကြောင့်ပဲ...
ဘယ်တော့မှ Tom က သူ့ကို No လို့မပြောတတ်....
သူပြောသမျှကို bae သဘောပဲလို့ဆိုကာ အမြဲတမ်း အလိုလိုက်တတ်သူ...
Tom အကြောင်းတွေးရင်း သူပြုံးနေမိသည်....
ညနေကျောင်းဆင်းချိန်ရောက်တော့....
Caroline, Jack နှင့် သူငယ်ချင်းတစ်စု သူ့အနားရောက်လာကြသည်....
"ဒီည club သွားရအောင်..."
"ငါမအားဘူး ချိန်းထားတာရှိတယ်...."
Caroline က....
"လာပါ... Vic ကလဲ... တစ်ခါတစ်လေချိန်းထားတာ ဖျက်လိုက်ပါ... ခုတလော နင်ငါ့ကိုအရမ်းစိမ်းနေတယ်နော်..."
Victor သက်ပြင်းချလိုက်သည်....
"နင်ငါ့ကိုရှောင်နေတာ မဟုတ်လား"
"မဟုတ်ရပါဘူး...."
"မဟုတ်ရင်လိုက်ခဲ့..."
သူငယ်ချင်းဖြစ်သူ Carla Ann ကလည်း...
"အေးလေ... Victor ကလဲ... ငါတို့မှာ တောက်လျောက်စာတွေနဲ့ပိနေတာ... တစ်ခါတစ်လေလေး ပျော်ရတာ..."
Jack ကလည်း....
"အေးလေ... ငါ့လိုစာဂျပိုးတောင်လိုက်တာ... မင်းလည်းလိုက်ခဲ့ပါ..."
တကယ်တမ်းတော့ Victor က club person မဟုတ်...
သူကတစ်ယောက်တည်းနေရတာ...
![](https://img.wattpad.com/cover/266146287-288-k645355.jpg)
VOUS LISEZ
The Boyfriend-sitter (Completed)
FanfictionWhen you fall in love with a young boy! Tom Hiddleston fanfic 💗