[Uni]
အခန်းတံခါးကိုတွန်းဖွင့်လိုက်တာနဲ့ ထွက်လာတဲ့ အောက်သိုးသိုးအနံ့
ဒီကောင်တွေ အခန်းမရှင်းပဲ နေနေကြတာ ဘယ်နှရက်ရှိပြီလဲမသိပြန့်ကျဲနေတဲ့ ခြေအိတ်တွေ ဘောင်းဘီရှည်တွေကို ကျော်ခွပြီး ကျွဲတစ်ဖက် နွားတစ်ဖက်ဖြစ်နေတဲ့ ဖိနပ်တွေကိုပါ ကန်ထုတ်ကာ အိမ်ထဲဝင်ခဲ့လိုက်သည်
တွေ့ပါပြီ ဧည့်ခန်းထဲမှာ မူးရူးပြီးဆင်နင်းတောင်မနိုးမယ့် ကြွက်တွင်းကိုယ်တော်တို့က ဘယ်လောက်သောက်ထားလဲဆိုတာ ပြောပြစရာမလို ဘေးနားထောင်ထားတဲ့ ဘူးခွံတွေကြည့်တာနဲ့တင်သိနိုင်သည်
"ဟိတ်ကောင်တွေ ထကြစမ်း ဘယ်နှယ့် အမေနေမကောင်းလို့ အိမ်လေးခနပြန်မိပါတယ် ဒီလောက်ရှုပ်ပွအောင် နေကြရသလား"
ဆော့ဂျင်တစ်ယောက်ပြောလဲပြော ဆိုဖာအောက် လှဲအိပ်နေတဲ့ ဟိုဆော့ကိုပါ လှမ်းကန်လိုက်သေးသည်
"အာ....အင်း... ပြန်လာပြီလား"
ပါးစပ်ကသာ ပြန်လာပြီလားမေးနေတာ မျက်စိကဖြင့်မပွင့်ဒင်းတို့လဲ မြန်မြန်မိန်းမယူမှ ငါလဲ ဒီအိမ်သန့်ရှင်းရေးဘဝက ကျွတ်မှာ
"ထ...ထ.....အကုန်ထကြတော့ သောက်လုပ်ကျ လက်ကြောမတင်းကြဘူး စားချင်သောက်ချင်စိတ်ကတော့ အပြည့်နဲ့
ကြီးပွားကြဦးမယ် တိုးတက်ကြဦးမယ်""ကင်ဆော့ဂျင်တို့ကတော့ ပြန်လာတာနဲ့ ပွစိပွစိပြောတော့တာပဲ အဲ့ဒါကြောင့် မိန်းမမရတာ"
ချွတ်ထားတဲ့ ရှပ်အင်္ကျီကို ပြန်ကောက်ဝတ်ရင်း ပြောလိုက်တဲ့ထယ်ယောင်းစကားကြောင့် ကင်ဆော့ဂျင်တို့ကတော့ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးဖြစ်ဖို့ နောက်ထပ် ထပ်ဖြည့်မယ့် လောင်စာနည်းနည်းပဲ လိုတော့သည်
"သောက်ပိုတွေ မပြောစမ်းပါနဲ့ တစ်ယောက်မှ အဖြစ်မရှိလို့ ဒီမှာလာသောင်တင်နေကြတာမဟုတ်ဘူးလား"
မင်ယွန်းဂီတစ်ယောက် အိပ်နေရင်းယောင်တာလားဘာလဲတော့မသိ သူ့ဘေးနားကျနေတဲ့ ဘီယာဘူးခွံတွေနဲ့ပစ်ပေါက်ကာ ရန်ထောင်နေသေးသည်
"Ting ting ting........"
"ဖုန်းလာနေတယ် ခွေးကောင်ရ ကိုင်လိုက်ဦး"
YOU ARE READING
My 6 Bachelor Daddies
FanfictionIt's all daddies fault Baby koo didn't do anything................