[Unicode]
"အား ကူးကူး မွှေထားပြန်ပြီလား..."
ကင်မ်ဆော့ဂျင်တစ်ယောက် အိမ်ပြန်ရောက်တာနဲ့ အသံကြားရပါတော့သည်
အိမ်တံခါးဝင်ဝင်ချင်းမှာကတည်းက တစ်ရှုးလိပ်တွေ ပြန့်ကျဲနေတာကို တွေ့ရသော်လည်း တရားခံကိုတော့ ခုထိရှာမရချေ
"ဂျီမင်း!!....ပတ်ဂျီမင်း...!!!"
ကလေးထိန်းဖို့ထားခဲ့တဲ့ လူကလဲ အစအနပျောက်စွာ အသံပြန်မလာ
ဖိနပ်မြန်မြန်ချွတ်ပြီး ဝင်လာတော့ ဧည့်ခန်းထဲကဆိုဖာပေါ်ဝယ် အိပ်မောကျနေတဲ့ ကလေးထိန်းတဲ့လူ
ပတ်ဂျီမင်းကိုတော့တွေ့ပါပြီရဲ့ ငမွှေထိုးကူးကူးက ဘယ်ပျောက်နေပါလိမ့်
စိတ်ထဲထင့်နေတာမို့ လိုက်ရှာကြည့်တော့ သကောင့်သားလေးက မီးဖိုခန်းထဲ အကျအနထိုင်ကာ ချောကလက်ဘူးကို အပီအပြင်စားနေလေသည်
မျက်နှာ တစ်ပြင်လုံး ပေပွကာ လူရုပ်ပင်မပေါ်ချင်တော့သော်လည်း ရှေ့မှာ ပြူးထွက်နေတဲ့ သွားနှစ်ချောင်းပေါ်အောင်တော့ ဖြီးပြလေသည်
"ကူးကူး မတိ.."
ထိုစကားသည် ထိုအရှုပ်ထုပ်၏လက်သုံးစကားဖြစ်ပေသည်
၃နှစ်သားကူးကူး အပြစ်လုပ်ပြီးတိုင်း ထိုစကားကိုထုတ်သုံးတတ်သည် ဘယ်ကတတ်လဲမမေးပါနှင့်
ကူးကူး မတိ ဆိုတဲ့ စကားနှင့် ပြန်ပိတ်သွားပေလိမ့်မည်ဝတ်တဲ့ အဝါရောင် jumpsuitတစ်ခုလုံးက ချောကလက်ရောင်ထနေပြီး ပေါင်တံဖွေးဖွေးတုတ်တုတ်တွေက ချောကလက်လူးထားသည်
"ငါတော့ သေချင်တော့တာပဲ ကူးကူးရယ် မင်းကို ဘယ်လိုသန့်ရှင်းပေးရမလဲကိုမသိတော့ဘူး..."
ဆော့ဂျင်တစ်ယောက် လက်ဆွဲအိတ်ကို ဘုတ်ခနဲ ပစ်ချကာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့ ထိုအကောင်ပေါက်သည် ထိုင်နေရာမှ ကုန်းထလာကာ ဆော့ဂျင်ဘေး မတ်တပ်လာရပ်သည်
"ဂျင်ဂျင် မတေနဲ့..."
အေးပေါ့ ငါသေရင် မင့် ဒီကောင်တွေလက်ထဲ မုန့်လုံးရေပေါ်ဖြစ်နေမှာလေ ဟို၅ကောင်က ကလေးဘာလုပ်လုပ် လွှတ်ထားသည် ကလေးဆိုတာ လွတ်လပ်မှုကို ချစ်မြတ်နိုးသည်ဟုဆိုကာ အကုန်ပေးလုပ်သည် ထို၃နှစ်သားမှာလဲ အသက်လေးနဲ့မလိုက်အောင်ဆော့သည်
YOU ARE READING
My 6 Bachelor Daddies
FanficIt's all daddies fault Baby koo didn't do anything................