အပိုင်း(၃)

1.7K 176 20
                                    

[Unicode]

"အူး......ဝါး......"

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ယံကို ဖောက်ထွက်လာတဲ့ အသံစူးစူးကြောင့် ယွန်းဂီ ကုန်းထကာ ဟိုဘက်အခန်းဆီ ဦးတည်လိုက်သည်

ဟိုဘက် ဒီဘက် ကုတင်ကြားက ပုခက်သေးလေးထဲမှာ ရှိသမျှအားကုန်သုံးပြီး စွာပြဲလန်နေတဲ့ အသေးလေးကို ခပ်ဖွဖွလေးကောက်ချီကာ ချော့မြူတော့ အင့် ခနဲ တစ်ချက်မြည်ကာ ငြိမ်ကျသွားပြန်သည်

"ကျွတ်..ကျွတ်..ကျွတ်.."

"ဝါး......."

တင်ပါးလေး ခပ်ဖွဖွပုတ်ကာ ပုခက်ထဲပြန်ချဖို့ အလုပ် ကျွတ်ကျွတ်စီအောင် အော်ငိုလာပြန်တာကြောင့် လက်ထဲ အသာပြန်ထိန်းထားရသည်

သူ့လက်မသေးသေးလေးကို တပြွတ်ပြွတ်မြည်အောင် စုပ်နေတဲ့ ပိစိလေးကြောင့် နို့ဘူးဖျော်တိုက်ရန် တစ်ယောက်ယောက်အားနှိုးမှ ရပေတော့မည်

ကုတင်ပေါ်ရှိ နှစ်ယောက်အားကြည့်လိုက်ပြန်တော့ ကလေးဒီလောက်အော်ငိုနေတာတောင် တုတ်တုတ်မျှမလှုပ်
တစ်ယောက်ကခေါင်းမြီးတောင်ခြုံထားလိုက်သေး

"ဟိုဆော့.. ဟိုဆော့! ..ဂျောင်ဟိုဆော့!!.."

"အမ် အမ် ဘာ..ဘာဖြစ်လို့လဲ.."

ပထမတစ်ခွန်း တိုးတိုးခေါ်လို့နှိုးမရ ဒုတိယတစ်ခါ အံကြိတ်ခေါ်တော့လဲ မနိုးပြန် တတိယတစ်ခေါက် အော်တော့မှပဲ ပြူးပြဲထလာသည်

သူ့အော်သံကြောင့် ဆတ်ခနဲ လန့်သွားတဲ့ ကလေးကို ကျောလေးပုတ်ကာ ချော့မြူရင်း နိုးရတဲ့အကြောင်းရင်းကို ဆက်ပြောရသည်

"ကလေးနို့ဆာနေပြီ နို့ဘူးသွားဖျော်ပေးဦး.."

"ဟင်...အင်း..အင်း... နို့မှုန့်ဘယ်နှစ်ဇွန်းနဲ့ရေဘယ်လောက်ထည့်ရမှာလဲ ပြောလိုက်ဦး"

"နို့မှုန့်နှစ်ဇွန်း ရေကို နို့ဘူးမှာပါတဲ့ 50ml အရစ်လေးထိ ထည့်ခဲ့ အော် နေဦး ရေနွေးအပူကြီးနဲ့ပဲ မဖျော်နဲ့ဦး ရေကျတ်အေးလုပ်ထားတာရှိတယ် အဲ့ဒါနဲ့ရောဖျော် အရမ်းမပူစေနဲ့.."

"အင်း အင်း သိပြီ သိပြီ.."

သိပြီသာပြောတယ် မျက်လုံးက မပွင့်
ဘာတွေ ပေါက်ကရလုပ်ခဲ့မှန်း မသိနိုင်တာမို့ သူကိုယ်တိုင်လိုက်သွားမှ အဆင်ပြေပေမည်

My 6 Bachelor DaddiesWhere stories live. Discover now