အပိုင်း(၈)

1.4K 160 19
                                    

[Unicode]

"တီ~~~~~~တီ~~~~~တီ~~~~~"

ကားက ကျပ်ပါတယ်ဆိုမှ ဖုန်းက တစ်မျိုးဟေ့
အလုပ်က အင်တာဗျူးရှိလို့ သွားဖြေပြီး ပြန်လာတဲ့ ထယ်ယောင်းတစ်ယောက် လွယ်အိတ်ကိုရှေ့မှာလွယ်လို့ လက်တစ်ဖက်က တန်းအား ကိုင်ထားရင် အဆက်မပြတ်မြည်နေတဲ့ ဖုန်းကို ကိုင်ရသည်
ကျော့ကျော့မော့မော့သွားချင်သော်လည်း အိမ်ရှိ တစ်စီးတည်းသော စီးတော်ကားမှာ ပျက်နေသဖြင့် ဝပ်ရှော့၌အပန်းဖြေခရီးပို့ထားရသည်လေ

"ဟယ်လို ကင်မ်ထယ်ယောင်းပြောနေပါတယ်.."

"ဂျွန်းဂျောင်ကုရဲ့ အုပ်ထိန်းသူလားမသိဘူး.."

"ဟုတ်ပါတယ်ခင်ဗျ ကူးကူး ဘာဖြစ်လို့လဲ ဆရာမ.."

ဂျွန်းဂျောင်ကုဆိုသည့် အသံကြားရုံနှင့် တုန်လာသည့် သူသည် ယခုလဲ အသံတွေဟာ ကတုန်ကယင်ဖြစ်နေမှာသေချာပေသည်

ထိုနတ်ပူးသလို တုန်လာသည့် အကြောင်းအရင်းမှာ ကူးကူး တစ်ခုခုဖြစ်မှာစိတ်ပူ၍တော့ မဟုတ်

ကူးကူး တစ်ခုခုလုပ်မှာ စိုးထိတ်၍ ဖြစ်သည်

ဟုတ်သည် ထိုပေါက်စသည် မူကြိုတက်ပြီး သုံးရက်အကြာတွင် အခွန်ဝန်ကြီး၏မြေးဖြစ်သူအား ကုန်းကိုက်၍တစ်ခါ

ဒါရိုက်တာတစ်ယောက်၏သမီးဖြစ်သူအား လှမ်းကုတ်၍တစ်ဖုံ

အကြောင်းအမျိုးမျိုးဖြင့် ရုံးခန်းသို့ရောက်ခဲ့ရသည်

ဒါတွေသည် အကြီးမားဆုံးသော ပြသာနာများသာဖြစ်ပြီး ကြားထဲတွင်ဖြစ်ခဲ့သော အရာများမှာ လက်ချိုး၍ပင် ရေမရ

ဆူမည် ကြံလိုက်တိုင်း မျက်လုံးဝိုင်းဝိုင်းထဲမှ အရည်ကြည်များအား ထုတ်ပြပြီး နှုတ်ခမ်းလေး မဲ့ကာ "ကူးကူး တောင်းပန်ပါတယ် နောက်လုပ်တော့ပါဘူး.."ဆိုတဲ့ စကားနဲ့တင် သူတို့မှာရှေ့ဆက်မရ

ထို "နောက်လုပ်တော့ပါဘူး..."ဆိုသည့် စကားစုရှိ "နောက်"သည် မည်သည့် အချိန်ကာလ အပိုင်းအခြားအား ရည်ညွှန်းသည်တော့ သူတို့မသိခဲ့ပါ

"ဂျွန်းဂျောင်ကုလေး ဖျားနေလို့ပါ အဲ့ဒါ လာခေါ်ပေးလို့ရမလားရှင့်..."

My 6 Bachelor DaddiesWhere stories live. Discover now