အပိုင်း(၇)

1.7K 175 49
                                    

[Unicode]

"ဘာတွေလိုတာလဲ လွယ်အိတ်ထဲစစ်ဦး..."

"ထယ်ယောင်းရေ ဘနားနားမစ်မရှိတော့ဘူးဟ လမ်းထိပ်က martကို ပြေးပေးဦး..."

"ရေဘူးက ဘယ်မှာလဲ ညကတည်းက ပြင်ထားလို့ပြောရဲ့သားနဲ့..."

တစ်အိမ်လုံး ယောက်ယက်ခက်နေကြသည်မှာ မနက်မိုးလင်းကတည်းကဖြစ်သည် အကြောင်းမှာ အိမ်က အသည်းကျော် ကူးကူးတစ်ယောက် ကျောင်းစတက်မည့်နေ့ဖြစ်သောကြောင့်ပင်

ကျောင်းတက်ရမည့်ကျောင်းသားကြီးက အိပ်ရာထဲမှ ခုထိမထသေးသော်လည်း ဖေဖေ၆ယောက်မှာမူ ၅နာရီကတည်းက မျက်လုံးနှစ်လုံးပွင့်သည်နှင့် ယောက်ယက်ခက်နေကြတာဖြစ်သည်

"ရှူး တိုးတိုးလုပ်ကြ ကလေးနိုးသွားမယ် တော်ကြာနေ ကျောင်းမှာ အိပ်ရေးမဝဖြစ်နေမယ်.."

ထိုသို့ အရေးတကြီးမစ်ရှင် ဆောင်ရွက်နေကြသလ်ိုမျိုး သတိထားလုပ်ဆောင်နေကြတော့ မေးစရာမေးခွန်းရှိလာသည်

ထိုကလေးမှာ တက္ကသိုလ်ဝင်ခွင့်ဖြေမည့်ကျောင်းသားလေလော့

မဟုတ်ပါ မူကြိုတက်မည့် ၅နှစ်ပေါက်စသာဖြစ်ပေသည်

ကင်မ်နမ်ဂျွန်းသည် အဝါရောင်ဘဲလွယ်အိတ်ကို ပိုက်ကာ ပီတိဖြာနေသလို ဂျောင်ဟိုဆော့သည်လည်း ဘဲရေဘူးကိုပိုက်ကာ အပြုံးဝေနေသည်

"ဟိုဘနားနားမစ်ဝယ်တဲ့လူက မလာသေးဘူးလားကလေးက အဲ့ဒါမသောက်ရရင် မဖြစ်ပါဘူးဆိုမှ..."

ကင်မ်ဆော့ဂျင်သည် မိုးလင်းကတည်းက အရာရာတိုင်းကို သူ့လက်သူ့ခြေဖြင့် စီစဉ်နေပြီး စိတ်တိုင်းမကျလျှင် ပွစိပွစိပြောတတ်သေးသည်

"ဆော့ဆော့..."

တံခါးဖွင့်သံနှင့်အတူ အသံသေးသေးလေးက ကပ်ပါလာတာကြောင့် သူတို့အားလုံး လှည့်ကြည့်လိုက်ကြသည်

ဘဲရုပ်ဝမ်းဆက်နှင့်ကူးကူးသည် မျက်လုံးအား လက်ဖောင်းလေးနှစ်ဖက်ဖြင့် ပွတ်သပ်နေသည်

"နာကုန်မယ်လေ ကူးကူး အဲ့လိုမပွတ်ရဘူး..."

ဟိုဆော့မှာ အပြေးလေးသွားကာ လက်လေးနှစ်ဖက်ကို ပွတ်သပ်နေခြင်းမှ ရပ်အောင် ဆုပ်ကိုင်လိုက်ရသည်

My 6 Bachelor DaddiesWhere stories live. Discover now