[Unicode]
"ကူးကူး ပြန်ရောက်ပါပြီ..."
တံခါးဖွင့်လိုက်သည်နှင့် သူ့အားအပြေးကြိုဆိုတတ်သူများသည် တိတ်ဆိတ်နေကြသည်
ဖိနပ်လေးအသာချွတ်လို့ ခေါင်းလေးပြူကြည့်တဲ့အခါ ဧည့်ခန်းထဲမှာ ဒယ်ဒယ်တို့နဲ့အတူ ဘွားဘွားတစ်ယောက် ဦးလေးကြီးတစ်ယောက်ပါ ရှိနေကြသည်
"ကူးကူး လာလေ..."
ဂျင်ဂျင့်ခေါ်သံအဆုံးမှာ အပြေးလေးသွားကာ ပေါင်ပေါ်တက်ထိုင်လိုက်သည်
"ဒါလေးက... ကူးကူးလေးပေါ့..ဘွားဘွားဆီလာပါဦး.."
ထိုဘွားဘွားသည် ကူးကူးအားကြည့်ကာ လက်ဆန့်တန်းပေးသည်
"သွားလေ ကူးကူး.."
မွေးကတည်းက ဒယ်ဒီခြောက်ယောက်ကလွဲလို့ မည်သည့်သူစိမ်းနဲ့မှ နီးနီးကပ်ကပ်မနေဖူးတာကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ကလေးကို ဆော့ဂျင်ကိုယ်တိုင်ပင် အရှေ့တိုးပေးရသည်
သို့သော်လည်း ခေါင်းကို ပြုတ်ထွက်မတက် ခါယမ်းကာ လည်ပင်းကို ဆွဲဖက်ထားပြန်တာကြောင့် တစ်ဖက်လူကိုလည်း အားနာရပြန်သည်
"သူက အဲ့လိုပဲ သူစိမ်းတွေဆို ကြောက်တယ်.."
ထယ်ယောင်းသည် ထိုမိန်းမကြီးအားကြည့်ကာ သူစိမ်းဆိုသည့် စကားအား ခပ်တည်တည်ပင်ထည့်ပြောသည်
"အော် အဘွားက သူစိမ်းမှမဟုတ်တာ ကူးကူးရဲ့ အဘွားအရင်းပဲလေ..."
"ဒါဆို ဘာလို့ ကူးကူးမွေးပြီးတော့ တစ်ခါမှလာမကြည့်ရတာလဲ.."
ထယ်ယောင်းသည် စိတ်တိုစွာ ထပြောသည်
"ကလေးသိတတ်တော့မှ အဘွားဆိုပြီး လာပြောတော့ရော ခင်ဗျားကြီးက သူ့အတွက် ဘာလုပ်ပေးနိုင်မှာမို့လို့လဲ.."
"တော်တော့ ထယ်ယောင်း..."
ဆော့ဂျင်သည် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဝင်တားသည်
"မင်းတို့ ဘယ်လိုပဲ စောင့်ရှောက်ထားပါစေ ဒီကလေးက မင်းတို့နဲ့ သွေးသားတော်စပ်မှုမှမရှိပဲ ဒီတော့ သူ့အဘွားရင်းဖြစ်တဲ့ ငါကသာ သူ့ကို အုပ်ထိန်းပိုင်ခွင့်ရှိတယ်.."
YOU ARE READING
My 6 Bachelor Daddies
FanfictionIt's all daddies fault Baby koo didn't do anything................