အပိုင်း(၁၀)

1.4K 165 27
                                    


[Unicode]

အခုတလော အိမ်မှာ တိတ်ဆိတ်နေသည် တစ်ခုခုဆို ဂျင်ဂျင်တို့ခြောက်ယောက်က တိုးတိုးတိတ်တိတ်နှင့် ပွစိပွစိလုပ်သည် ကူးကူးအား ပေးမသိသလို ဂရုလဲမစိုက်ပါ ကူးကူးသည် သူတို့အတွက် အရေးမပါတော့ပေ

ဂျောင်ကုသည် အိမ်ရှေ့ဆိုဖာပေါ်တွင် ပေါက်ပေါက်ဘူးကြီးကိုင်ထားတာ နောက်ဖေးရှိ ခြောက်ယောက်အား မျက်လုံးလေးဝေ့၍စူးစမ်းသည်

ခေါင်းချင်းဆိုင်၍ တစ်ခုခုအား စိတ်လိုလက်ရ ပြောနေကြသည်မို့ ပိုသိချင်လာရသည်

ပေါင်ပေါ်ရှိ extra size ပေါက်ပေါက်ဘူးကြီးအား ဘေးသို့အသာချကာ ခိုးနားထောင်ဖို့ကြံစည်လိုက်သည်

ခြေဖမိုးဖြူဖြူလေးနှစ်ဖက်သည် အသံမထွက်စေရန် ခြေဖျားလေးအသာထောက်လို့ ရေခဲသေတ္တာအကွယ်ဆီသို့ ဆတ်ခနဲ ပြေးကပ်သည်

ခေါင်းလုံးလုံးလေးတစ်လုံးသည် ထွက်လိုက်ဝင်လိုက်ဖြင့် မီးဖိုနားရှိ ရန်သူတွေအား စနည်းနာနေသည်

နားရွက်နှစ်ဖက်သည် စွင့်ကားထောင်ထားရ၍ တစ်ခါတစ်ရံ အားပါပါသွားကာ မျက်လုံးလေးပါ ပြူးပြူးလာသေးသည်

အခြေအနေက ကောင်းနေပုံရတာမို့ မီးဖိုထားရှိရာကောင်တာအောက်သို့ အပြေးလေး ဝင်ကပ်နေလိုက်သည်

"ကူးကူးအိမ်မှာ မရှိမှဖြစ်မှာပေါ့..."

"သိတဲ့အတိုင်း ဝင်ရှုပ်နေဦးမှာလေ..."

ထိုအာပေါင်အာရင်းသန်သန်ပြောနေကြသောအကြောင်းအရာသည် သူ့အကြောင်းသာဖြစ်ပေသည်

ဂျင်ဂျင်တို့က  သူ့အား အရှုပ်ထုပ်ကြီးလိုမြင်နေသည်လား

"သူရှိနေလို့ မဖြစ်ဘူး ..."

"သူ့ကို တစ်ယောက်လောက်အပြင်ခေါ်ထုတ်သွားမှဖြစ်မယ်.."

ဘာတွေများ အရေးကြီးတဲ့ကိစ္စမို့လို့ သူက သိခွင့်မရှိရတာလဲ

ဒါမှမဟုတ် ကူးကူးက မွေးစားသားများလား ကူးကူး အစားတွေ အများကြီးစားလို့ မကျွေးနိုင်တော့ဘူး ထင်ပါတယ်

ဟုတ်သည် စဉ်းစားကြည့်ရင် ကူးကူးမှာ မေမေမရှိပဲ ဖေဖေခြောက်ယောက်သာရှိသည်

My 6 Bachelor DaddiesWhere stories live. Discover now