[Unicode]
"အဲ့...အဲ့...အာ...ဘူး...ဘူး....."
"အာ ဘူးဘူးတွေ မှုတ်မနေနဲ့လေ ပိစိရေ ခုနကမှ အင်္ကျီလဲပေးထားတာကို အခုပြန်စိုကုန်ပြီ ကြည့်..."
ကုတင်ပေါ်မှာ jumpsuit အနီလေးဝတ်ပြီး လက်သီးသေးသေးလေးနှစ်ဖက်ကိုဆုပ်ကာ ဟိုဟိုဒီဒီမြှောက်ပြီးဆော့နေတဲ့ အကောင်ပေါက်လေးအား wet tissueဖြင့် ပြန်သုတ်ပေးရင်း ဆော့ဂျင်ဆိုလိုက်သည်
"ဒီမှာ ခနနေခဲ့ဦးနော် ဂျင်ဂျင် မမ်းမမ်းစားဖို့ သွားလုပ်ဦးမယ်.."
နာရီကိုကြည့်တော့ နေ့လည်၁၂နာရီကျော်နေပြီမို့ ပိစိလေးလဲဗိုက်ဆာနေလောက်ပြီဖြစ်သလို သူလဲ ဗိုက်မှ အချက်ပြနေပြီဖြစ်သည်
ထို့ကြောင့် ထိုတုတ်တုတ်ခဲခဲအဖြူလုံးလေးကို ပုခက်ထဲထည့်ကာ ဂျောက်ဂျက်လေးတစ်ခု လက်ထဲ ထည့်ပေးခဲ့လိုက်သည်
အခန်းဝရောက်ခါနီး အသံသေးသေးလေးတွေ ထွက်လာသောကြောင့် ပြန်လှည့်ကြည့်မိတော့ ဘယ်လောက်များ ဗိုက်ဆာနေလဲမသိ လက်ထဲက ဂျောက်ဂျက်ကို ပါးစပ်ဖြင့် လှမ်းဟပ်နေသည် အရုပ်လေးက ရှည်နေတော့ ပါးစပ်ထဲတည့်တည့်မဝင် ချော်ချော်ထွက်သွားသည် အဲ့ဒါကို အီးအီးအားအားတွေအော်ကာ စိတ်မရှည်ပုံရသည့် ကလေးက ဟိုဘက်လက်တစ်ဖက်ဖြင့် ဆွဲယူကာ ပါးစပ်နှင့်တေ့ပြီး တပြွတ်ပြွတ်စုပ်တော့သည် အန္တရာယ်မရှိသည့်ပစ္စည်းမို့ သဘောကျစွာပြုံးကာ မီးဖိုခန်းထဲသို့ ဦးတည်လိုက်သည်
အမှန်ဆိုလျှင် ၆လကျော်မှ ဖြည့်စွက်စာကျွေးရမည်ဟုဆိုထားသော်လည်း အိမ်က မိမိတို့၏အသဲတုန်မှာ လေးလကျော်ကျော်ကပင် နို့တစ်မျိုးတည်းတိုက်၍အဆင်မပြေတော့ပါ သူ၏ဗိုက်လုံးကစ်လေး မပြည့်မချင်း တစ်ညလုံးအီနေတတ်တာကြောင့် ကလေးရော လူကြီးတွေပါ ပင်ပန်းရသည်
ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ကြည့်သောအခါ အစမ်းကျွေးရင် ကျွေးကြည့်လို့ရပါပြီဆိုသောအခါမှ မိမိတို့စိတ်ချမ်းသာရသည် မဟုတ်လျှင် မိမိတို့ ဘာစားစား မျက်လုံးဝိုင်းကြီးများဖြင့် လိုက်ကြည့်ကာ လက်မလေးထည့်ပြီး သရေကျနေတတ်သည့် အကောင်ပေါက်ကြောင့် ကလေးရှေ့ မည်သူမျှ အစာ မစားရဆိုသည့် အမိန့်က ကျလာသည်
YOU ARE READING
My 6 Bachelor Daddies
ФанфікиIt's all daddies fault Baby koo didn't do anything................