အပိုင်း(၁၁)

1.5K 174 59
                                    

[Unicode]

နာရီမှ မနက်၆နာရီ alarmမြည်လာသည်နှင့် အခန်းတံခါးလေးသည် ဖြည်းညှင်းစွာ ပွင့်လာသည် ခြေထောက်ဖြူဖြူလေးနှစ်ဖက်သည် ကြမ်းပြင်အားခပ်ဖွဖွနင်းကာ လျှောက်နေပုံမှာ ကုန်းကုန်းကွကွ

တနင်္ဂနွေနေ့ဖြစ်တာကြောင့် တစ်အိမ်သားလုံး နေမြင့်တဲ့အထိ အိပ်တတ်သည်ကို သိထားသော
ယုန်သူခိုးလေးသည် အသာအယာပင် ဧည့်ခန်းရှေ့ရောက်သွားသည်

ပြန့်ကျဲနေသော ဘီယာဘူးခွံများနှင့် ပိုးလိုးပက်လက်အိပ်နေကြသော ဒယ်ဒယ်တို့ကိုကြည့်ကာ နှုတ်ခမ်းပါးလေးနှစ်ဖက်သည် မဲ့ကျလာသည်

"ကူးကူးကို မချစ်တော့ဘူး.."

နှုတ်ခမ်းထော်ထော်အောက်မှ ထွက်လာသော စကားသံလေးက တိုးတိုးလျလျ

လွယ်အိတ်အဝါလေးလွယ်ကာ လက်တစ်ဖက်မှ ဆွဲခြင်းကို တရွတ်တိုက်ဆွဲထားသော ဂျစ်တူးလေး၏ခြေထောက်တို့သည် နောက်ဖေးခန်းဆီသို့ ဦးတည်နေသည်

နောက်ဖေးပေါက်အားဖွင့်လိုက်လျှင် အရေးပေါ်လှေကားရှိပြီး သူ့ဘေးတွင်နေရာလွတ်လေးရှိသည်

ဂျောင်ကုသည် တစ်ကိုယ်စာ ပလစ်စတစ်စလေးအား ထိုနေရာတွင်ခင်းကာ တံခါးကို ဟန်မပျက်ပြန်ပိတ်ပြီး အကျအနဝင်ထိုင်လိုက်သည်

"ဒီလောက်ဆို အိမ်ပေါ်က ဆင်းပြီလို့ ပြောလို့ရတယ်မလား.."

ဖုန်တွေပေနေတဲ့ လက်ဖဝါးနှစ်ဖက်ကို တဖတ်ဖတ်ခါပြီး နို့ဘူးတစ်ဘူးဖောက်သောက်နေလိုက်သည်

"ဟွန်း  သူများကို ဂရုမစိုက်ချင်ဦး.."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကူးကူး...! ကူးကူး..!"

မိုးလင်းတာနဲ့ ဗိုက်ဆာတယ်ဟု တဆာဆာအော်နေတတ်သူလေးက ပျောက်ချင်းမလှပျောက်နေသည်

ရုတ်တရက်ထူပူသွားသော သူတို့သည် တကယ်ပဲ အိမ်ပေါ်က ဆင်းသွားပြီဟု ထင်မှတ်ကာ ခေါင်းခဲသွားကြသည်

သို့သော် ထိုအတွေးလေးသည် ၅မိနစ်ပင် မပြည့်လိုက်ချေ အဘယ်သို့ဆိုသော် အိမ်ရှေ့တွင် စီစီရီရီရှိနေသည့် ဖိနပ်လေးတစ်စုံကြောင့်ပင် ဖြစ်သည်

My 6 Bachelor DaddiesWhere stories live. Discover now