အပိုင်း(၂)

1.9K 179 11
                                    

[Unicode]

လွန်ခဲ့သော၆နှစ်ခန့်က

"ဟေ့ကောင် မင်းလူလည်ကျဖို့မစဉ်းစားနဲ့နော် "

"မင်းညံ့လို့ မင်းခံရတာလေ ဘာမှလာမပြောနဲ့"

တက္ကသိုလ်ကျောင်းဝန်းနဲ့ရပ်ကွက်ကစားကွင်းမှားနေသော လူတစ်စုမှာ လွယ်အိတ်ကိုယ်စီလက်ကဆွဲကာ ပြေးလွှားနေလျက်ရှိသည်

"ပြန်ပေးလို့ပြောနေတယ်နော်!!"

နည်းနည်းလေးမှအထိမခံသော ပတ်ဂျီမင်းနှင့် အနောက်သန်လှသော ကင်မ်ထယ်ယောင်းတို့ဇာတ်လမ်းက ထိုသို့ထိုပုံစလေ့ရှိသည်

"မင်းတို့ရောက်နေတာ အထက်တန်းကျောင်းမဟုတ်ဘူးနော် နည်းနည်းပါးပါး အရိပ်အခြေကြည့်ကြ.."

ဆော့ဂျင်မှ ဝင်မပါလျှင်မပြီးတော့မည့် ကိစ္စမို့ ဝင်ပြောရသည်

အမှန်မှာ သူတို့ခြောက်ယောက်က အသွင်တူလို့ အိမ်သူဖြစ်ခြင်းပင်

ဟောက်လိုက်နိုင်လျှင်ကို အရူးက တစ်မူးသာသည်ဟုဆိုရမည် ကတုံးပေါ်ထိပ်ကွက်ဆိုသလိုပေါ့

"ဟာ ဟေ့..ဟေ့...!!"

ကင်မ်ထယ်ယောင်းတစ်ယောက် သူများအားစချင်ဇောကြီးကာ အရှေ့မမြင် နောက်မကြည့် စာအုပ်တပွေ့တပိုက်ကြီးနဲ့ ကောင်မလေးအား ဝင်တိုးမိတော့သည်

"ဆောရီးဗျာ တမင်လုပ်တာမဟုတ်ပါဘူး..."

သူ့အားစကားပြန်ပင်မရသည့် ကောင်မလေးက စာအုပ်တွေပေါ်သာ အာရုံရောက်နေသည်

"ဒီမှာရှင့် တောင်းပန်နေမယ့်အစား ဝိုင်းကူပေးလို့မရဘူးလား "

အာလားလား လှလိုက်တာဗျာ ဒီကောင်မလေး လူရောဟုတ်ရဲ့လား မျက်လုံးလေးတွေ ပင့်ကြည့်လိုက်ပုံများ
လက်သွယ်သွယ်လေးဖြင့်ကောက်ယူလိုက်တဲ့စာအုပ်တွေကြား နှလုံးသားလေးက အဆစ်ပါသွားပြီတောင် ထင်ရပါသည် ကင်မ်ထယ်ယောင်းမျက်နှာကြီးကတော့ ပြေးကြည့်စရာမလို နွားသိုးကြိုးပြတ်ကြီးဖြစ်နေမှာ အမှန်ပင်

ဆော့ဂျင်တို့အုပ်စုကတော့ ကင်မ်ထယ်ယောင်း၏ဗရုတ်သုခနိုင်ပုံကို လှမ်းမြင်နေရသော်လည်း တစ်စက်ကလေးမှ သွားကူဖို့ ဆန္ဒမရှိ အငြိမ်မှမနေတာ ခံပေါ့

My 6 Bachelor DaddiesWhere stories live. Discover now