sending my love (zawgyi)

81 4 0
                                    

"ချစ်တယ်ပြောမှ

ဝေးဝေးပြေးနေသူ " khun Zan" for war

"နေထွက်ပြီးရင်

တာဝန်ကျ ည အခါ "လ" ထွက်လာပေမယ့်

ကျွန်တော့အတွက်တော့

"မှောင်မိုက်တဲ့ ည တွေနဲ့သာ

မျှော်ငေး" " khun Zan" for war

'အချစ်ဆိုတာ "မက်ခွင့်မရှိ" ဒါများလား " Zan" မင်းများနေပြီနော် သောက်နေတာ "ဟ " ငါ့ပိုက်ဆံနဲ့ ငါ သောက်တာလေ မင်း အပူပါသလား "အေး မင်းဘဲ ပြောတော့ "လီး"ဘဲ " နောက် မင်းမူးနေရင် ငါ့ကို လာမခေါ်နဲ့ကြားလား "ဘာလဲ မင်းကငြိုငြင်တာလား "Rita" သွားကွာ သွား "မင်းလည်း နောက်ဆို ငါကို ထားသွားမှာပါဘဲ " ငါဆိုတဲ့ အကောင်က " အချစ်နဲ့ ပတ်သတ်လာရင် "မက်ခွင့်ကို မရှိတာ " အဖေ ကလည်း ငါ့ကိုကျတော့ ပိုက်ဆံပေးရင်ပြီးရော ထားထားတယ် တခါမှ မမြင်ဘူးတဲ့ "သား"ဆိုတဲ့ကောင်ကို "အိမ်တောင်မကပ်နိုင် ပတ်ရှာ" ရှာလို့မရတိုင်း "ဟင့် ဟင့်"

"Rita" ဆိုတဲ့ ကျွန်တော်က " Zan" ရဲ့ အိမ်တော်မှာနေပြီး " Zan" နဲ့ အတူ ကစားဖော်ကစားဖက် အခုကြီးလာတော့လည်း "ကိုယ်ရံတော် တယောက်လို သူငယ်ချင်းတယောက်လို" " Zan" ရဲ့ အရုပ်ကလေးပေါ့ " Zan" အပြင်မှာ တစ်ခုခုပြသနာ ရှာလာတိုင်း " Zan" အဖေ ဆီမှာ ဒဏ်ခတ်ခံရသူပါ

တကယ်တမ်းတော့ " Zan"ဆိုတဲ့ ကောင်လေးက သနားစရာပါဗျာ "အဖေဆီက မေတ္တာကို တောင်းတနေရသူပါ" " Zan" အဖေကတော့ ကျွန်တော် သိသလောက် သူ ငယ်ဘဝက ချစ်ခဲ့ရသူနဲ့ ရခဲ့တဲ့ "ကလေး"ကို ထောင်က ထွက်ပြီးကတည်းက ရှာနေခဲ့တာပါ

" Zan" အဖေ ရဲ့ မိဘတွေက သိပ်ကို ချမ်းသာပါတယ်။ " Zan" အဖေက ရက် တွေ လတွေ ကြာထိတိုင်အောင် လိုက်ရှာနေတာ "အရူးတပိုင်းလိုဖြစ်နေတဲ့အပြင် ညတိုင်း သောက်လိုက်တဲ့ အရက်ဆိုတာ အရက်သမား လုံးလုံးကြီးကို ဖြစ်လို့ပေါ့" "သခင်ကြီးရဲ့ မိဘ တွေက မကြည့်ရက်နိုင်လို့ ကူရှာပေးကြပေမယ့်"အစအနတောင် သတင်းမကြားခဲ့ရပါ" နောက်ပိုင်းမှာ သခင်ကြီး မိဘ တွေက " Zan"အမေ " Mod" နဲ့ အတင်းပေးစားခဲ့လို့ ယူခဲ့ရတယ်လို့ "ကျွန်တော် အဖေ ပြောဖူးတာ မှတ်မိနေသေးပါတယ်" အန်တီ " Mod"က နဂိုကတည်းက ကျန်းမာရေး မကောင်းတဲ့ အပြင် "နှလုံးရောဂါ"အခံရှိသူမို့ " Zan" အမေ ဟာ မီးတွင်းထဲမှာ သေခဲ့ရတာပါ "အမိမဲ့သားရေနည်းငါး"လိုဖြစ်ခဲ့ရတယ်

(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)Where stories live. Discover now