"yin" "p" အခန်းထဲကို ၀င်လာတော့ တကယ့်ကို အခန်းလေးက သပ်ရပ်ပြီးတော့ အထက်တန်းကျတဲ့ အခန်းဖွဲ့စည်းပုံလေးနဲ့ ပစ္စည်းတွေကလည်း တကယ့်ကို အကောင်းစား အသုံးအဆောင်တွေနဲ့ ဒီဇိုင်းဖွဲ့စည်းထားတယ် "p" က ကြည့်ရတာ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းလေး နေတတ်တဲ့စတိုင်နဲ့ တူပါတယ်
ဖိနပ်စင်မှာ "yin"ဖိနပ်တင်ဖို့လုပ်လိုက်တော့ ဖိနပ်စင်လေးက ဘယ်လိုလေးလဲဆိုတော့ အခန်းနေရာ ထပ်မယူအောင်လို့နံရံကို ဖေါက်ပြီးတော့ ဖိနပ်ထည့်လို့ရတဲ့ စင်လေး လုပ်ထားတယ် နောက်ထပ်ပို အံသြမိတာကလေ "p"က လေ ဖိနပ် Crazy လား ချမ်းသာလွန်းတာလားတော့ မသိဘူး ယောကျားလေးတိုင်း တက်မက်ရလောက်တဲ့ ဖိနပ် ပုံစံ ဒီဇိုင်း အမျိုးမျိုးကို ရှိနေတာ
"yin" အခုလို "p" ရဲ့ အိမ်ကို စိတ်တိုင်းကျကြည့်နေလို့ရတာက "p" က ကျွန်တော်ကို အခန်းထဲကို ဝင်လာဖို့ပြောပြီးတော့ သူဆီကို ဖုန်းဝင်လာတာနဲ့ ကျွန်တော်ကို နေသာသလိုနေနော်လို့ပြောသွားပြီးတော့ ဖုန်းပြောဖို့အခန်းထဲကို ဝင်သွားလို့ပါ
နောက်ထပ်"yin"စိတ်ဝင်စားဖို့ကောင်းတာလေးပါ တွေ့ လိုက်ရတယ် "p"က Drum တီးတတ်တယ်နဲ့တူတယ် Drum တီးဝိုင်းအစုံအလင်တောင်ရှိလို့လေ ပြီးတော့ ဂစ်တာတွေလည်း အတော်များများ ရှိတယ် နံရံကပ်ထောင်ထားတာတွေ
"p" ပုံစံကို ကြည့်တာနဲ့တော့ စိတ်ထားနူးညံပုံပေါက်ပါတယ် ဘာလို့ဆိုတော့ ဂီတကို ကြိုက်နှစ်သက်တဲ့ လူအတော်တော်များများက စိတ်ထားနူးညံတယ် ခံစားလွယ်တယ်လေ
"p" နံရံမှာ ချိတ်ထားတဲ့ ဘွဲ့ယူတဲ့ ဓါတ်ပုံလေးတွေ တွေ့တော့ အနားတိုးကပ်ကြည့်လိုက်တယ် "p" မှာ မိသားစုက ငါးယောက်ရှိတာကို "p"ရဲ့ မိသားစုကို ကြည့်ရတာ အရမ်းနွေးထွေးကြမယ့်ပုံဘဲ ဓါတ်ပုံတိုင်းမှာ မိသားစုဝင်တွေ တယောက်ချင်းစီက အပြုံးကိုယ်စီနဲ့လေ ပြုံးနေကြတာလည်း အရမ်းကိုအသက်ဝင်တယ်
"yin"ရေ ခင်ဗျာ စောင့်နေရတာ ကြာလို့ပျင်းနေပြီလား မဟုတ်ပါဘူး ကျွန်တော်ကသာ အရင် "p"ကို ခွင့်မတောင်းဘဲနဲ့ "p" အိမ်ကို လိုက်စပ်စုနေမိတာ ရပါတယ် "yin"
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်