ဟာ --- ဗျာ ဘာတွေလဲ နားမလည်ချင်တော့ ဘူး အဖေက ဘာလို့ အခု မှ ရုတ်တရက်ကြီး အဖေ မဟုတ်ရပြန်တာလဲ
--- တခါမှ မမြင်ဖူးတဲ့ ဒီလူကြီးက သားအဖေ တဲ့ လား ဟာ--
ကဲကွာ ခွမ်း ခွမ်း "Yin "စိတ်တိုတို နဲ့ အနားမှာရှိတဲ့ ခွက် ကို ယူပြီး ပစ်ပေါက် ပစ်လိုက်တယ်--
"Yin " လေး စိတ်ထိန်းလေ အရင် ခုံမှာ ထိုင်လိုက်ဉီးနော် ဟုတ်ပြီလား စိတ်ကို အေးဆေးထားပါ
"P" ဖြေရှင်းပေးမယ်နော် ဟိုဟာလေ ကျွန်တော် သူများ မိသားစု ပြသနာကို ဝင်ပါချင်လို့တော့ မဟုတ်ပါဘူးဒါပေမယ့်လေ
ကျွန်တော် အထင် လေ အခု "Yin " က စိတ်ဆတ်နေသေးတော့ အခု အရင် ပြန်သွားကြပြီးတော့ နောက် "Yin " စိတ်နဲနဲ သက်သာရာရမှ ပြန်ပြောကြရင် ကောင်းမယ် ထင်ပါတယ်ဗျာ ဟေ့ရောင် မင်းက ဘယ်သူမို့ ဝင်ပါရတာလဲ ဒီမှာ ငါက ငါ့သားကို ငါ့အနားကို ပြန်ခေါ်ဖို့ လုပ်နေတာလေဟာ
--- ကွာ တောက် စိတ်တွေ တော်တော် တိုလာပြီနော် အကုန်ထွက်သွား ထွက်သွားလို့ ပြောနေတယ် မလား ဘယ်သူမှ မမြင်ချင်နေဘူး အခု လစ်လိုက်ကြတော့ ဟာ ရော့ ကွာ ရော့ ကွာ "Yin " လည်း စိတ်တော်တော် ရှုပ်လာပြီမို့ နံရံကို လက်သီးနဲ့ ထိုးနေမိတယ်
"Yin " "Yin " စိတ်ပူသံလေးနဲ့ နောက်က နေလာသိုင်းဖက်ပြီး လာချော့နေသူက "p war"ပါ အဲလို မလုပ်ရသေးနော် "Yin " လေး
ကျွန်တော်လည်း "p war" ဘက်ကို လှည့်လိုက်ပြီး "p war" ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ငိုနေမိတယ် "p war" ကတော့ ကျွန်တော့် ခေါင်းလေးကို အသာအယာပုတ်ပေးပြီး စိတ်ပြေအောင်ချော့နေတယ်war လည်း အကုန်လုံးကို ထွက်သွားကြဖို့ မျက်လုံးအကြည့်နဲ့ တံခါးပေါက်ဆီ ညွှန်ပြလိုက်တယ် ၄ ယောက်လုံး က နားလည်ပေးကြပြီး ထွက်သွားကြလို့ တော်ပါသေးတယ်
"Yin " ထွက်သွားကြပြီ အကုန်သူတွေ ပြပါဉီး လက်လေးကို "P" ဆေးထည့်ပေးမယ်နော် ကျွန်တော် ဆေးထယူမယ့်အလုပ် --"P" သိ လား ကျွန်တော် အချိန်လုံး အဖေ ကို မုန်းနေခဲ့တာ
"ဟင် ဘာလို့လဲ "အဖေ က အမေ ကို မချစ်ခဲ့ ဘူး လို့ တချိန်လုံး တွေးထင်နေတာ တကယ်တမ်းတော့ ကျွန်တော် မှားနေခဲ့တာဘဲ ၊ အဖေကို မျှော်ငေးကြည့်နေရတဲ့ အမေကို ကြည့်ရင်း အဖေကို မုန်းနေခဲ့တာကျွန်တော် ငယ်စဉ်ကတဉ်းက အဖေက ကျွန်တော် အပေါ် အရမ်းကြင်နာတယ် ဂရုစိုက်တယ် ချစ်ပေးတယ် ၊
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်