'war'ကားထဲရောက်တော့ မှဘဲ သက်ပြင်းချနိုင်တော့တယ် 'war'ဘ၀ပျက်တော့မလို့
ဒီကောင်လေးသာ ပေါ်မလာရင်ဆိုပြီး
မျက်ရည်က အလိုလိုဝဲလာမိပြန်ပါတယ်
'war'က စိတ်ထိခိုက် လွယ်သလို မျက်ရည်လည်း လွယ်ပါတယ်
တနည်းပြောရရင် 'war'က စိတ်နုသူမှန်း၀န်ခံပါတယ်
ကားထဲရောက်တော့ ကားမမောင်းသေးဘဲ
ငြိမ်ငြိမ်နေတဲ့ 'p'ကြောင့် သေချာစိုက်ကြည့်လိုက်တော့ 'p'တယောက် ငိုတော့မလို ဖြစ်နေတာကို တွေ့လိုက်ရတယ်
အော် 'p'တယောက် အရမ်းကို ကြောက်သွားတယ်နဲ့ တူတယ်လို့ တွေးလိုက်မိလို့
'yin'ဘက်က ဘဲ 'p'ကို စကားစပြောလိုက်ပါတယ်
'p'ရဲ့ လက်လေးတွေ ဆွဲပြီးတော့ မေးလိုက်တယ်
'p' မကြောက်နဲ့တော့နော် ကျွန်တော်ရှိပါတယ်
'p'ကို ဘယ်သူကမှ ထပ်ပြီးတော့ ထိခိုက်အောင် မလုပ်နိုင်တော့ပါဘူးနော်
ကျွန်တော့ကို ယုံနော် နော် နော်'war 'ရဲ့ လက်လေးကို လာကိုင်တော့
ကြည့်လိုက်တယ် ဒီကောင်လေးက
'war'ရဲ့ လက်လေးကို ကိုင်ပြီးတော့
သူကိုယ်သူ လူကြီးလေးတယောက်လို
'war'ကြောက်နေမှန်းသိလို့ နှစ်သိမ့်နေတဲ့ကောင်လေးပြီးတော့ 'war'ကလေ ထင်တောင်မထင်ထားဘူး ဒီလို ချွဲတတ်တဲ့ ကောင်လေးဖြစ်နေမှန်း
'war'အဲဒီကောင်လေး ပြောနေသံကိုကြားပြီးတော့ ရီချင်သွားမိတယ်
စောနကလေးတင် လူမိုက် '၃'ယောက်လောက်ကို မကြောက်မလန့်နဲ့ ချနေပြီးတော့
အခုကျတော့ တကယ့်ကလေးလေးလို
'နော်'တဲ့ သူယုံပါတယ်တဲ့လေ
'p 'ကျွန်တော့ကို ကြည့်ပြီးတော့ ဘာလို့ ရီနေတာလဲအော် ချွဲနေလို့ 'ဗျာ'မဟုတ်ဘူး မဟုတ်ဘူး
ဒီလိုပါဘဲ ရီစရာကိစ္စလေး အတွေးထဲ၀င်လာလို့
ဒါနဲ့ မင်းကို ကျေးဇူးတင်မတင်ရသေးဘူး
ဆောရီးနော် ရုတ်တရက်တွေ ဖြစ်သွားတော့
ဘာမှ အတွေးထဲ ၀င်မလာနိုင်တော့လို့
ဟုတ်ရပါတယ် 'p'ကလည်းဒါနဲ့ နာမည်က 'yin'ပါ ခင်ဗျာ
အော် မှတ်ထားမယ်နော် 'ဟုတ်ကဲ့''p'မင်း အိမ်ကို လိုက်ပို့ပေးမယ်လေ
ဘယ်နားမှာလဲ အိမ်ကအဲတာကလေ လိုက်မပို့ပါနဲ့ 'p'ကျွန်တော်
အဆင်ပြေပါတယ်'p'သာ အိမ်ကို မြန်မြန်ရောက်အောင်ပြန်ပါ
စောနက လူတွေ 'p'အိမ်နားမှာ စောင့်နေမလားမပြောတတ်တော့ 'p'အိမ်ပေါက်၀ထိ လိုက်ပို့ပေးမယ်လေ ရတယ်မလား'p'
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်