protect you (zawgyi)

367 9 0
                                    

"မင်္ဂလာပါ "

ကျွန်တော် က တော့ "war wanarat" ပါ

ကုပ္မဏီ ၀န်ထမ်းအပေါင်းတို့  ဒီနေ့ကတော့ "အချစ်မြှား အောင်သွယ်တော်"

ကုပ္မဏီလေး တည်ထောင်တဲ့နေ့ကစပြီး ဒီနေ့နဲ့ဆို "၅ " နှစ် ပြည့်မြောက်ခဲ့ပါပြီနော်

ကျေးဇူးအထူးတင်ပါတယ် အတူ လက်တွဲပြီး အလုပ်လုပ်ပေးခဲ့ ကြ သော   ၀န်ထမ်းအပေါင်းနဲ့ အောင်သွယ်ပေးလိုက်ပြီး အဆင်ပြေပြေနဲ့ လက်တွဲဖြစ်သွားကြတဲ့ "ချစ်သူ " "ဇနီးမောင်နှံ" ပေါင်း ဒီနေ့ ဆို                အတွဲပေါင်း " ၅၀၀" ပြည့်ခဲ့ပါပြီနော်

ဖြောင်း ဖြောင်း ဖြောင်း 

စကားပြောအပြီးမှာတော့ လက်ခုပ်သံအကျယ်ကြီးနဲ့ ၀မ်းပမ်းတသာ ဖြစ်နေကြပါတယ်

ဒါက ကျွန်တော် war တယောက်ထဲရဲ့ အမြင်ပါ တကယ်တမ်းတော့

"အချစ်ဆိုတာ ကန့်သတ်ချက်မရှိတဲ့ ရေတံခွန်ပါ"

ဘယ်နေရာ ဘယ်အချိန် ဘယ်အသက်အရွယ်မရွေး ချစ်ခွင့်ရှိပါတယ်

ဒီလို ချစ်တဲ့ နေရာမှာလည်း" girl က boy "နဲ့မှ တွဲရမယ်ဆိုတဲ့ ဥပဒေသ မရှိပါဘူးနော်

"Boy love boy" " girl love girl " လည်း ချစ်ခွင့်ရှိပါတယ် 

ကျွန်တော်" war "စကားအရှည်ကြီး ပြောမနေတော့ပါဘူး လွတ်လပ်စွာ အကုန်လုံး ချစ်ခွင့်ရှိသလို ချစ်ခွင့်ရကြပါစေလို့ ဆုတောင်းရင်း နိဂုံး ချုပ်ပါတယ် ခင်ဗျာ

ထောက်ခံပါတယ် "CEO War"

အော်လိုက်တဲ့ အသံကြီးက အကျယ်ကြီးမို့ ကျွန်တော် စင်ပေါ်ကနေ လှမ်းကြမ်းလိုက်တော့ "zen"ဆိုတဲ့ေ ကာင်လေးရယ်ပါ

ကျွန်တော့ရဲ့ ဖေါက်သည် အကြီးစားဆိုလည်း မမှားသလို တွေ့ တာနဲ့ ကျွန်တော့်ကို ချစ်ကြောင်း                  အကြိမ်ကြိမ်ပြောနေပေမယ့်

ကျွန်တော့် စိတ်ထဲမှာတော့ "zen" ဆိုတဲ့ ကောင်လေးက ချမ်းသာသလောက် ပွေလွန်းတဲ့ ဖေါက်သည်     အကြီးစား တယောက်ပါ 

"zen"က ထိုင်း နိုင်ငံရဲ့ Top Ten ထဲမှာ ပါတဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့ "zen" က "ကျား ၊  မ မရွေ"း ခြေတော်တင်တဲ့ လူစားတယောက်ပါ

အဲလိုအကျင့်တွေကြောင့် "War "ဘက်က ရှောင်ချင်ပေမယ့်

"War" ရဲ့ စီးပွားရေး ပါတနာတယောက်ဆိုလည်း မမှားပါဘူး

သူ မိတ်ဆက်ပေးမှုကြောင့် တကယ့် ဒိတ်ဒိတ်ကြဲ စီးပွားရေး လုပ်ငန်းရှင် အတွဲ တွေကို ပေါင်းဖက်အောင် လုပ်ပေးနိုင်ခဲ့ပြီးတော့ ကျွန်တော့် ကုပ္မဏီ ကျော်ကြားလာခဲ့ရတာ တ၀က် က သူကြောင့်ပါ

ဟုတ်ကဲ့ ထောက်ခံတာ ကျေးဇူးပါ "khun zan"

ကျွန်တော် လည်း ကျေးဇူးတင်ကြောင်း ပြောပြီး စင်အောက်ကို ဆင်းလာတော့

ကျွန်တော့်ရဲ့ အတွင်းရေးမှူးကောင်လေး "jook" က အနားကပ်ပြီးတော့ လာပြောတယ်

ဆရာ War ဒီနေ့  "khun zan" က သူလူတွေနဲ့ တိတ်တဆိတ် ဘာတွေကြံနေတယ် မသိဘူး

ကျွန်တော် သန့်စင်ခန်း ၀င်ဖို့ ခဏသွားတုန်းက "khun zan" က သူ ဘော်ဒါတွေကို ပြောနေသံကြားတယ် ဒီနေ့တော့ ဆရာကို သူ အပိုင်ကြံမတဲ့

ဘယ်လို အစီအစဉ် ဆွဲနေမှန်းမသိရတော့ ဆရာ သတိထားသင့်တယ်နော်

အခုက ပါတီမှာလည်း မူးရူးနေကြတော့ တစ်ခုခုဆို ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး

ဟူး ဒုက္ခပါဘဲ "jook" ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ ဒီနေ့တော့ ဆရာအိမ်ဘက်ကို ကားမောင်းမပြန်သင့်ဘူး ထင်တယ်

ဟေ ငါက ဘယ်နေရာကို သွားနေရမှာလဲ

ဒီလိုလုပ်ပါလား ဒီနေ့  ဆရာ ကျွန်တော် အိမ်မှာ လိုက်နေပါလား

လာ သွားကြစို့ ဆရာ

အေးအေး ကျွန်တော်တို့ ၂ယောက် တိတ်တိတ်လေး ဘယ်သူမှ မသိခင် ပါတီကနေ

ထွက်သွားကြဖို့ ပြင်လိုက်ကြပါတော့တယ်

မထင်ထားလိုက်မိတဲ့ လူတယောက်ရဲ့ မျက်နှာ

ကျွန်တော့်ရဲ့ ရှေ့မှာ တည့်တည့်ကြီး ပေါ်လာလို့ အလန့်တကြား မော့ကြည့်လိုက်မိတော့ ထိုသူက .........

(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)Where stories live. Discover now