"မင်္ဂလာပါ"
ကျွန်တော်ကတော့ "War Wanarat "ပါ
ကုမ္ပဏီ ၀န်ထမ်း အပေါင်းတို့ ဒီနေ့ ကတော့ "အချစ်မြှား အောင်သွယ်တော်"
ကုမ္ပဏီလေး တည်ထောင်တဲ့ နေ့ကစပြီး ဒီနေ့နဲ့ဆို "၅" နှစ်ပြည့်မြောက်ခဲ့ပါပြီနော်
ကျေးဇူး အထူးတင်ပါတယ် အတူ လက်တွဲပြီး
အလုပ်လုပ်ပေးခဲ့ကြသော ၀န်ထမ်းအပေါင်းနဲ့
အောင်သွယ်ပေးလိုက်ပြီး အဆင်ပြေပြေနဲ့ လက်တွဲ ဖြစ်သွားကြတဲ့ "ချစ်သူ" "ဇနီးမောင်နှံ"ပေါင်း ဒီနေ့ ဆို အတွဲပေါင်း
"၅၀၀" ပြည့်ခဲ့ပါပြီနော်
👏👏👏👏
'စကားပြောအပြီးမှာတော့ လက်ခုပ်သံအကျယ်
ကြီးနဲ့ ၀မ်းပမ်းတသာ ဖြစ်နေကြပါတယ်""ဒါက ကျွန်တော် *war*တယောက်ထဲအမြင်ပါ "
တကယ်တမ်းတော့ "အချစ်ဆိုတာ ကန့်သတ်ချက်မရှိတဲ့ ရေတံခွန် ပါ'
"ဘယ်နေရာ ဘယ်အချိန် အသက်အရွယ်မရွေး
ချစ်ခွင့်ရှိပါတယ်'
"ဒီလို ချစ်တဲ့နေရာမှာလည်း 'Girl က boy'နဲ့မှ တွဲရမယ်ဆိုတဲ့ ဥပဒေသမရှိပါဘူးနော်'
'boy 💗boy' Girl💗girl'လည်း
ချစ်ခွင့်ရှိပါတယ်
ကျွန်တော် 'war'စကား အရှည်ကြီးပြောမနေတော့ဘူး လွတ်လပ်စွာ အကုန်လုံး ချစ်ခွင့်ရှိသလို ချစ်ခွင့်ရကြပါစေလို့ ဆုတောင်းရင်း
'နိဂုံး'ချုပ်ပါတယ် ခင်ဗျာထောက်ခံပါတယ် CEO 'war'
အော်လိုက်တဲ့ အသံက အကျယ်ကြီး မို့
ကျွန်တော် စင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့
'zen'ဆိုတဲ့ ကောင်လေးရယ်ပါ
ကျွန်တော်ရဲ့ ဖေါက်သည် အကြီးစားဆိုလည်း
မမှားသလို 'တွေ့တာနဲ့ ကျွန်တော့ကို ချစ်ကြောင်း အကြိမ်ကြိမ် ပြောနေပေမယ့်'
'ကျွန်တော့် စိတ်ထဲမှာတော့ 'zen'ဆိုတဲ့
ကောင်လေးက ချမ်းသာသလောက် ပွေ လွန်းတဲ့
ဖေါက်သည် အကြီးစားတစ်ယောက်ပါ'
'zen'က ထိုင်းနိုင်ငံရဲ့ Top Ten ထဲမှာပါတဲ့
စီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့
'zen'က "ကျား / မ "မရွေး ခြေတော်
တင်တဲ့ လူစားတယောက်ပါ
'အဲလို အကျင့်တွေကြောင့် "war"ဘက်က
ရှောင်ချင်ပေမယ့် '
"War'ရဲ့ စီးပွားရေး ပါတနာတယောက်ဆိုလည်း မမှားပါဘူး
သူ မိတ်ဆက်ပေးမှုကြောင့် တကယ့် ထိတ်ထိတ်ကြဲ စီးပွားရေး လုပ်ငန်းရှင် 'အတွဲ'တွေကို ပေါင်းဖက်အောင်
လုပ်ပေးနိုင်ခဲ့ပြီးတော့ ကျွန်တော့ ကုမ္ပဏီ
ကျော်ကြားလာခဲ့ရတာ တ၀က်က သူကြောင့်ပါ
"ဟုတ်ကဲ့ ထောက်ခံတာ ကျေးဇူးပါ " khun zan'
ကျွန်တော်လည်း ကျေးဇူးတင်ကြောင်း ပြောပြီး
စင်အောက် ကို ဆင်းလာတော့
ကျွန်တော့ရဲ့ အတွင်းရေးမှူး ကောင်လေး 'jook'က အနားကပ်လာပြောတယ်
ဆရာ 'war' ဒီနေ့ 'khun zan'က
သူလူတွေနဲ့ တိတ်တဆိတ် ဘာတွေကြံနေတယ်
မသိဘူး
ကျွန်တော် သန့်စင်ခန်း ၀င်ဖို့ ခဏသွားတုန်းက
'khun zan 'သူ ဘော်ဒါတွေပြောနေသံ
ကြားတယ် ဒီနေ့ တော့ ဆရာကို သူ အပိုင်ကြံ
မတဲ့
ဘယ်လို အစီအစဉ် ဆွဲနေတယ်မှန်း မသိရတော့
ဆရာ သတိထားသင့်တယ်နော်
အခုက ပါတီ မှာလည်း မူးရူးနေကြတော့
တစ်ခုခုဆို ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး
"ဟူး" ဒုက္ခပါဘဲ "jook"ဘာလုပ်သင့်တယ်လို့
မင်းထင်လဲ ဒီနေ့တော့ ဆရာအိမ် ဘက်ကို
ကားမောင်းမပြန်သင့်ဘူး ထင်တယ်
ဟေ ငါက ဘယ်နေရာကို သွားနေရမလဲ
"ဒီလို လုပ်ပါလား ဒီနေ့ ဆရာ ကျွန်တော် အိမ်မှာ လိုက်နေပါလား"
လာ သွားကြစို့ဆရာ
အေးအေး ကျွန်တော်တို့ ၂ယောက် တိတ်တိတ်လေး ဘယ်သူမှ အသိခင် ပါတီကနေ
ထွက်သွားကြဖို့ ပြင်လိုက်ကြပါတော့တယ်
မထင်ထားလိုက်မိတဲ့ လူတယောက်ရဲ့ မျက်နှာ
ကျွန်တော့ရဲ့ ရှေ့မှာ တည့်တည့်ကြီး ပေါ်လာလို့
အလန့်တကြားမော့ ကြည့်မိလိုက်တော့ ထိုသူက
.......
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်