မောင့်မိန်းမလေး ရေ မောင့်မိန်းမလေးရေ
ဟော --
ကိုယ့်ဘာသာ တံခါးဖွင့်ပြီး ၀င်လာလည်းရသားနဲ့ကို သပ်သပ် ကျီကျနေတဲ့ "war " ရဲ့ ယောကျားလေး
" လွန်ခဲ့တဲ့ ၃ လ "
"yin" ထူးဆန်းပြီး စိမ်းသက်နေတဲ့ ပတ်ဝန်းကျင်ကို ရောက်နေရသလို ခံစားနေရတယ်
ဘယ်လိုဘဲဖြစ်ဖြစ် အဖေက အဖေမို့ "yin" လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒါကလည်း "yin" မိန်းမလေးရဲ့ ဆန္ဒဆိုလည်း မမှားပါဘူး ၊ "p" ပြောတာလည်း မှန်ကန်ပါတယ်
အခုဆိုရင် လူသားတွေရဲ့ သက်တမ်းတွေက တိုလာနေပြီ
ရှိနေတဲ့ အချိန် ဂရုမစိုက်မိခဲ့ရင် နောင်တ ဆိုတဲ့ အရာနဲ့ ဘ၀သက်တမ်းကို ကျော်ဖြတ်နေရတော့မှာလေ
လူဆိုတာ တော့ အမှားနဲ့ မကင်းပါဘူး ၊ တခါ လောက်တော့ အခွင့်အရေးပေးကြည့်ဖို့ "yin" ဆုံးဖြတ်ပြီး
"yin" အဖေ့ ဆီကို လာခဲ့ တာပါ
နောက်ပြီး အဖေ ဆီကနေ ပြီး အသိအမှတ်ပြုပြီး လက်ခံစေချင်တဲ့ ကိစ္စတစ်ခုလည်း ရှိနေတာမို့ မိသားစုကို လက်ခံရင်း ခွင့်လည်းတောင်းရင်းပေါ့ ဗျာ
ကျွန်တော် လူခေါ်ဘဲလ် လေးကို နှိပ်လိုက်တော့ မကြာခင်မှာဘဲ အဖေ့က အပြူံးနဲ့ အတူ တံခါးပေါက်ဝနားကို တံခါးဖွင့်ပေးဖို့လာနေတယ်
ကျွန်တော့ ညီပြောပုံအရ ဆိုရင်တော့ ကျွန်တော့် ကို လိုက်ရှာနေခဲ့တာ ကြာပြီတဲ့
လာလေ သားလေး ---
အဖေအိမ်ကနေ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ် ၊ ကျွန်တော် ကို စကားနဲ့ ပြောရုံအပြင် နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ထည့်ပြီး ဖက်ထားပေးနေတဲ့ အဖေ ပါ
ကျွန်တော် ကို ဖက်နေလိုက်တာမှ အကြာကြီးဘဲ ကျွန်တော့ ရဲ့ ပုခုံးမှာ မျက်ရည်စ တွေတောင် စိုစွတ်လာသလိုပါဘဲ
ကျွန်တော် ကြည့်လိုက်တော့ မျက်လုံးတွေ နီစွေးနေတယ် ၊ ဆောရီး အဖေ အိမ်ထဲ ခေါ်သွားမယ်နော်
ဟုတ်ကဲ့ ---- ကျွန်တော် နှတ်ကတော့ အဖေ လို့ ခေါ်ဖို့ မစဉ်းစားကြည့်မိသေးပါဘူး
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်