ခေါင်းစဉ် ရဲ့ သဘောကလေ (Yin က သူ အမေကို ခွင့်လွတ်ပေးဖို့ပြောတာပါ) ဘာကြောင့်လဲ ဆိုတာကတော့ နောက်ပိုင်း ဇာတ်လမ်းတွေကျရင် သိလာရမှာပါ
"Yin"နိုးလာတော့ တဖက်လှည့်အိပ်ပျော်နေတဲ့ "p" ကိုကြည့်လိုက်တယ်
ဘာလို့လဲ ဘာလို့လဲ ဘာလို့ အဲလူက "p" ဖြစ်နေရတာလဲ အမေ ကျွန်တော် ဘာဆက်လုပ်ရမှာလဲ ကျွန်တော် ဒီလို မလုပ်ရက်ဘူး အမေ
"p" ကို ကြည့်မိလိုက်တိုင်း ကျွန်တော် ရဲ့ လက်စားချေမယ့် အစီအစဉ်တွေ ပျောက်ပျောက်သွားတယ် အဲလူက "p" မဟုတ်ခဲ့ဘူးဆိုရင်ဒီလောကကြီးမှာ ကျွန်တော်လောက် ပျော်ရမယ့်သူရှိမှာမဟုတ်တော့ဘူး
ကျွန်တော် "p" နားမှာ ဆက်ရှိနေရင် နောက်ထပ် ရှေ့ဆက်ရမှာတွေ မလုပ်နိုင်တော့မှာစိုးလို့ "p" မနိုးခင်မှာ "p" ရဲ့အိမ်ကနေပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်လေးဘဲ ထွက်သွားလိုက်တယ်
"Yin" အိမ်ရှေ့ ရောက်တော့ ရင်မော သွားရပြန်တယ် "Yin" ဓါတ်လှေကား မစီးရဲတဲ့ အတွက် အောက်ထပ် ကို ဆင်းဖို့ လှေကားကို ဘဲ အသုံးပြုပြီးတော့ ဆင်းဖို့ဆုံးဖြတ်လိုက်တော့တယ်
ဟူး ဟူး ဟောဟဲ ဟောဟဲ မောလာပြီနော် "Yin" လှေကားအောက်ကို ငုံကြည့်လိုက်တော့ ဆင်းရဉီးမယ့် လှေကားထစ်နေတွေ က အတော်ကျန်သေးတာဘဲ ခြေပစ်လက်ပစ်နဲ့ ခဏထိုင်နားလိုက်ပြီးတော့ ပြန်အားယူပြီးတော့ အောက်ထပ်ထိ မနားမနေဆင်းလိုက်တယ်
အောက်ထပ်ရောက်မှဘဲ "Yin" လည်း သက်ပြင်းချနိုင်တော့တယ်
"p war "ရဲ့ တိုက်ခန်း ကနေ ထွက်ပြီးတော့ "Yin" taxi ကို လှမ်းတားပြီးတော့ "Yin" အလုပ်လုပ်ရမယ့် "Bar"ဆီကိုဘဲ ဦးတည်ပြီးတော့ ကားကို မောင်းခိုင်းလိုက်တော့တယ်
"war" ညက အိပ်တာ ညဉ့်နက်သွားတယ် ဘာလို့ဆိုတော့ "Yin"က အနာရှိန်နဲ့ အဖျားတွေတက်လာလို့ တညလုံးရေ ပတ်တိုက်ပေးနေရတဲ့ အပြင် "Yin" အဲကောင်လေးမှာ ဘာတွေ အခက်အခဲ ရှိနေပါလိမ့် ညက ဆေးလိမ်းပေးရင်းနဲ့ နားထောင်ပေးမယ် ပြောထားပြီးတော့ အဲဘက်ကို စကားပြောဖို့ အခွင့်အရေးမရတော့ မသိလိုက်ရဘူးလေ တညလုံး ယောင်နေရင်းနဲ့ အော် နေတာ "ဘာလို့ အဲလူက "p" ဖြစ်နေရတာလဲတဲ့ ကျွန်တော် မလုပ်ရက်ဘူးနဲ့ "Yin" ကို နိုးကြည့်တော့လည်း မနိုးဘူး ဒါကြောင့်သူ စိတ်လေး ငြိမ်ပါစေဆိုပြီးတော့ ဖက်ပြီး တညလုံး အိပ်ပေးနေရတာ ကိုယ်တော်ချောက အကျင့်ပါနေတာလား ဘာလားဘဲ ဖက်လုံးများ အောက်မေ့နေတယ်လား မသိဘူး "war"ကို သူရင်ခွင်ထဲ အတင်းဖက်ထားပြီးတော့ "war" ပေါ်ကို ခွတောင်ထားလိုက်သေးတယ် သူ လုပ်သမျှကို "war" မှာ ငြင်းလည်း မငြင်းရက်တာနဲ့ ငြိမ်နေလိုက်ရတာ မနက် မိုးသောက် ၄ နာရီလောက်တော့ ဖျားနေတဲ့ လူ နိုးလာရင် စားဖို့ဆိုပြီး "war" ထပြီးတော့ ဆန်ပြုတ်တွေ ထကျိုပေးရင်းအိပ်ငိုက်လာတာနဲ့ သူ နဘေးမှာ ၀င်လှဲလိုက်တော့တယ် ကောင်လေးက အိပ်မောကျနေလိုက်တာမှ တကယ့်ကလေးလေးလိုဘဲ ပါးစပ်ကလည်း ဘာတွေ ပွစိပွစိပြောနေလဲ မသိဘူး တကယ့်ချစ်စရာလေး ဖက်တောင်နမ်းပစ်ချင်စိတ်ပေါက်နေတာ ထိန်းထားရတယ်
"war" ကို ကယ်လည်းကယ်ပေးရသေးဘဲ အခွင့်အရေးယူတဲ့ လူကြီးလို့ပြောမှာစိုးလို့လေ ပြီးတော့ သူက ကောင်လေးတွေကို သဘောကျတဲ့ သူ ဟုတ်မဟုတ်လည်း "war"မှ မသိတာ ငြိုငြင်မခံချင်ဘူး "war"ကတော့ ဒီအတိုင်းလေးဘဲ ကြ ည့်နေချင်တဲ့ စိတ်တွေတဖွားဖွား၀င်လာပေမယ့်လည်း တညလုံး ပင်ပန်းထားတဲ့ "war"က ဟိုဘက်လှည့်ပြီးတော့ အိပ်လိုက်တော့တာ
"war" အိပ်ရာကနေ နိုးလာတော့ အဲကောင်လေးကို မတွေ့ရတော့ စိတ်တောင်မကောင်းဖြစ်သွားတယ် "war" သူအတွက် ပြင်ဆင်ပေးထားတဲ့ ဆန်ပြုတ်လေးတောင် မစားသွားဘူး ရက်စက်တာ ကောင်လေး နှုတ်မဆက်ဘဲ ထွက်သွားတယ် "war" မှာ သူ ဖုန်းနံပါတ် သူ အိမ် ဘာမှမှ မသိတာ ကံကြမာ အရပေါ့ကောင်လေးရေ တွေ့ခွင့်ရဖို့တော့ မျှော်လင့်ပါတယ်
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်