p "tit" (war ရဲ့ အဖေ ပါ နော် ) p "tit" p "tit" ကျွန်တော်ဘက်လှည့်ပါဉီး (အခု စကားပြောနေသူက (yin အဖေ)ပါ
ဒီဘက်လှည့်ပါဆို p "tit" လုပ်နေတာတွေက မဟုတ်ဘူးနော် ၊ ကိုယ့်သား ကိုယ် အရမ်း ညှင်းဆဲနေသလို ဖြစ်နေတယ်လေ p "tit"
p "tit" ခေါင်းမမာပါနဲ့ ကလေးတွေကို လည်း ချစ်ခွင့်ပေးပေးပါ
ငါ မလုပ်နိုင်ဘူး "Nong Yang" ငါတို့ ၂ယောက်လို ဇာတ်သိမ်းမျိုး သူတို့ကိုမကြုံစေချင်ဘူး
ကျွန်တော် သိပါတယ် p "tit" ဒါပေမယ့် ကျွန်တော် တို့ ၂ယောက် က မိန်းမ ၂ ယောက်ရဲ့ လှည့်စားမှုကြောင့် အသီးသီး တာဝန်ယူဖို့ဖြစ်ခဲ့ကြတာမလား ၊ အခုဆိုရင် အသီးသီး သားလေးတွေပါ ရှိနေကြပြီလေ
ကျွန်တော်တို့ မပေါင်းစပ်နိုင်ခဲ့ကြတာကို သူတို့ကို ပေါင်းစပ်ခွင့်ပေးပေးလိုက်လို့မရဘူးလား p "tit" ရယ်
p "tit" ရဲ့ အကြံအစည်ကို ကျွန်တော် သဘောတူလိုက်လျောခဲ့တယ်နော် ---
ဒါကလည်း ကလေးတွေ အဲလောက်ထိ ချစ်မှန်း ကျွန်တော် မသိခဲ့မိလို့ပါဗျ p "tit" ဘာလို့ p "tit" က ကျွန်တော်ကို ညာရတာလဲ ၊ ကျွန်တော့် သားလေး သေတဲ့ ပုံစံသူများ ထင်အောင်တောင် အုတ်ဂူဆောက်ရက်တယ်နော် p "tit" က အတ္တသမား လူဆိုး ၊ p "tit" ရဲ့ သား warတခါထဲ သံယောဇဉ် ပြတ်ပြီးမေ့သွားအောင်လို့ လုပ်တာမလား ၊ ကျွန်တော်တောင် တိုင်ပင်ဖော်မရဘူး ၊အတိတ်မေ့နေပေမယ့် ကျွန်တော်သားက warကို အိမ်မက်ထဲမှာတွေ့တွေ့နေပြီး ငိုနေရ ရှာတယ် ၊ သားလေး အမြဲတမ်းပြောတယ် သူ အဲပုံရိပ်လေးရဲ့ ပိုင်ရှင်ကို အပြင်မှာ တခါလောက်တွေ့ချင်လိုက်တာတဲ့လေ ၊ အဲ အိမ်မက်လေးထဲက "p" က သူကို သတိရကြောင်း တွေ့ချင်ကြောင်းလာပြောနေသလိုဘဲတဲ့လေ ၊ သူ ထွေးပွေ့ထားပြီး ရင်ခွင်ထဲထည့်ပြီး အငိုတိတ်စေချင်တယ်တဲ့ လေ ---
ကျွန်တော်ကို အမြဲတမ်းမေးတယ် အဖေ ကျွန်တော် အတိတ်မမေ့ခင်တုန်းက ကျွန်တော် ချစ်နေရသူရှိဖူးလားတဲ့ ၊ အမြဲတမ်း မေးလေ့ရှိတယ် --
ကျွန်တော် တကယ် သားလေးကို သနားမိတယ် p "tit" ၊ကျွန်တော် သူရှေ့မှာ မျက်ရည်မကျမိအောင် ထိန်းထားရတယ် ၊ p "tit" ပြောစကားကိုယုံမိလို့လေ ၊ အခု ကျွန်တော် မယုံကြည်ချင်တော့ဘူး p "tit" ပြောတာကို သားလေးရဲ့ ဆန္ဒအရဘဲ ကျွန်တော်---
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်