"War" အမလေး
နင်ကဘာလန့်တာတုန်း ငါလေ 'yiwaa'
အော် နင်ကလည်း အလန့်တကြား
ငါ နင် စင်ပေါ်မှာ ပြောသွားတဲ့ အကြောင်းအရာထဲ က အချို့အကြောင်းတွေကို
မကျေနပ်ဘူး
အမ 'yiwaa'နောက်မှ ပြောပါလား
နင်က ဘာလာ၀င်ပြောနေတာလဲ
'ဗျာ'မနေနဲ့ 'jook'နင် အရင် လက်ဖယ်
လိုက်ဦး 'ဗျာ ဗျာ'ဗျာ မနေနဲ့
နင် မျက်နှာကို အောက်ငုံကြည့်လေ
ဗုဒ္ဓေါ ကျွန်တော်လက်က ဆရာ "war'ရဲ့
ရင်ဘတ်ပေါ်မှာ အလန့်တကြားနဲ့ ညစ်တောင်
ထားလိုက်သေး
ဆောရီးပါ ဆရာ
ရ ရပါတယ်
နင်တို့ ၂ယောက်က ကုတ်ချောင်းချောင်းနဲ့
ဘယ်သွားမလို့လဲ
ဆရာက ကျွန်တော် အိမ် ကို လိုက်အိပ်မှာပါ
ဒီည
'ဘာ..........'
ဘယ်တုန်းက ဒီအခြေအနေတွေ ရောက်ကုန်တာလဲ
ငါလဲ မသိရပါလား
ပေါက်တတ်ကရတွေ 'yiwaa'
နင်ကို ရှင်းပြနေရရင် ငါဒီနေ့ 'ကျား' စားခံရလိမ့်မယ်
'ကျား'ဘယ်က 'ကျား'လဲ
ဒီဘက်က "ဇွတ်ကျား" လား ဟားဟားဟား
('Jook'က တကယ်တော့ အခြောက်ပါ'
ဒါကြောင့် အတွင်းရေးမှူးဖြစ်နေတာလေ မဟုတ်ရင် 'war'လေး ပါသွားမယ် )
ရုတ်တရက် 'jook'ရဲ့ လက်ထဲက ဖုန်းလေးထမည်လာတယ်
'ဟဲလို' jookပြောနေပါတယ်
ဟာ ဘယ်လို ဘယ်လို အိုက်စ် သေပါပြီ
အခု အခု ဘဲ လာခဲ့မယ်နော်
'Jook' က မျက်လုံးကနေ မျက်ရည်တွေ
ကျတော့မယ်အလား ပါတီကနေ အပြင်ကို
အလောတကြီးပြေးထွက်သွားပါတော့တယ်
'jook' 'jook'ရေ
ထွက်ပြေးသွားသူကို ခေါ်နေတုန်းရှိသေးတယ်
ဒီဖက် လှည့်ကြည့်လိုက် မကျေမချမ်း
ဖြစ်နေတယ်လို့ လာပြောသွားတဲ့ 'yiwaa'ကလည်း ဘယ်ပျောက်သွားတယ် မသိ
'ဟူး'အခု ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်းလည်း မသိတော့ဘူး
ငေါင်တောင်တောင်နဲ့ ဟိုတယ်က ကားပါကင်
ကို လျှောက်သွားမိတော့တယ်
စိတ်ထဲမှာတော့ 'jook'ပြောတာ မဟုတ်ပါစေနဲ့ လို့ဆုတောင်းနေမိတာတော့အမှန်ပါ
ကျွန်တော် တကယ်' zen'ဆိုတဲ့ ကြောက်လည်း ကြောက်မိသလို သူနဲ့ ပါတနာ အဖြစ်ကနေလည်း လက်လွှတ်ဖို့ ဘယ်လို မဖြစ်နိုင်သေးတဲ့ ကျွန်တော်ပါ 'ဟူး'
အတွေး နယ်ကယက်ထဲမှာ မျောပါလာရင်းနဲ့
ကျွန်တော် နောက်ကနေပြီးတော့
လူ ၃ ယောက်လောက် ကပ်ပါလာတာကို မသိ
ခဲ့မိဘူး
သတိထားမိချိန်မှာ တယောက်က ကျွန်တော်
နောက်ကနေ မလှုပ်နိုင်အောင် အရင်ဖမ်းချုပ်
ထားပြီးတော့ တယောက်ကတော့ ကျွန်တော်အော်ခေါ်ပြီးတော့ အကူအညီတောင်းခံနေတဲ့
ကျွန်တော်ရဲ့ ပါးစပ် နုနုလေးကို သူရဲ့ ကြမ်းတမ်းတဲ့ လက်တစုံနဲ့ ပိတ်ထားပြီး
ကျွန်တော့ အရှေ့က ရပ်နေတဲ့တယောက်ကို
ကျွန်တော်ခြေထောက်ရုန်းမရအောင် ဖမ်းချူပ်
ထားပြီး အသင့်ရပ်ထားတဲ့ အမဲရောင်ကားထဲကို
ထဲဖို့အတွက် ကြိုးပမ်းနေရှာတယ်
အား အား ကယ် ကယ် အင့် အင့်
ဟေ့ မင်းတို့ ဘာလုပ်နေတာလဲ
ကျွန်တော် အသံလာရာ မနဲလှမ်းကြည့်လိုက်တော့
ငယ်ငယ် ချောချောကောင်လေးတယောက်
အကြည့်စူးစူးတွေနဲ့ မကြောက်မလန့်နဲ့ ပြန်ခံ
ပြောနေတော့တယ်
မင်း အသားမနာချင်ရင် ဖယ်နေလိုက်
အသားနာမှာက ဘယ်သူဆိုတာသာ စမ်းကြည့်ကြပါဦး
ဟာ ဒီကောင် ငနာလေး စိတ်ကို လာဆွနေတယ်
စကားပြောဆိုဆဲနေရင်းဘဲ ကျွန်တော်ကို ခြေထောက် ချုပ်ထားတာကို ဖယ်ပြီးတော့
တရကြမ်း သွားထိုးသတ်နေပါတယ်
'war'က နဂိုကတည်းက အသည်းငယ်
တာမို့ ငယ်ငယ်ကတည်းက ရန်ဖြစ်တာလည်း
၀င်မပါတတ်သလို ရန်ဖြစ်နေတာ တွေ့ခဲ့ရင်တောင် အသည်းတွေတဆတ်ဆတ်တုန်နေတတ်သူပါ
ကောင်လေးငယ်ငယ်ချောချောလေးနဲ့
လူမိုက်တွေ ချနေတာကို မကြည့်ရဲတာမို့
မျက်လုံးသာမှိတ်နေလိုက်တော့တယ်
ဘယ်အချိန်ကပြီးသွားမှန်းတောင် မသိလိုက်ဘဲ
နွေးထွေးလိုက်တာလို့ခံစားလိုက်ရတဲ့ အခိုက်အတန့်မှာ 'war'မျက်လုံးတွေ ဖွင့်လိုက်တယ်
ကျွန်တော်ကို တယုတယနဲ့ ဖက်ထားပေးတဲ့ကောင်လေး ရဲ့ရင်ခွင်ဖြစ်နေတယ်
ဒီလိုမျိုးဖက်ခံရတာမျိုးက ကောင်လေးတွေဆီကနေ 'war'ခဏခဏ ဖက်ခံရဖူးပါတယ်
'war'က အောင်သွယ်တော် ကုမ္ပဏီ ပေါင်းများစွာ ဖွင့်လှစ်ထားတာထဲကမှ 'ရုပ်ချောတာကော အလုပ်လာအပ်သူတွေအပေါ်မှာပါ နွေးထွေးစွာ ဆက်ဆံပေးတာတွေကော အအောင်မြင်ဆုံး လို့တောင် သူများအော်ချရတဲ့ မြှားနတ်မောင် 'CEO war'လို့ နာမည်ကြီးသူတယောက်ပါ
ကျွန်တော်ကို ချည်းကပ်ချင်လို့ အလုပ်လာအပ်ကြသူတွေလည်း များပြားတာမို့ အလုပ်သဘောရ ဖက်ခံရတာတွေ တခါတလေ တော့လည်း အလိုက်အထိုက် နေဖို့အတွက် ဖက်ရတာမျိုးလည်းရှိပါတယ်
အခု "war"ရင်တွေ အရမ်းခုန်နေတယ်
ဘာလို့လဲ အဖမ်းဆီး ခံလိုက်ရတာကြောင့်လား
ဒီငယ်ငယ် ချောချော ကောင်လေးကြောင့်လား
'war'လည်း မရည်ရွယ်ပါဘဲနဲ့ သူကို ပြန်ဖက်
ထားလိုက်မိတော့တယ်
ကောင်လေးက ကျွန်တော်ကို ဖက်ထားတာကနေ
ခွါလိုက်တော့ သူ မျက်နှာလေးကို အနီးကပ်မြင်လိုက်ရတယ်
'ချောလိုက်တာ'လို့ ရင်ဘတ်ထဲ နှလုံးသားကြီးက အကြီးအကျယ် ဟစ်အော်နေတယ်
'p ''p' အဆင်ပြေရဲ့လား 'p'
ဟေ့ ဟိုမှာ လွတ်ကုန်ပြီ ဟ နောက်ကနေ
အော်နေတဲ့ 'zen'အသံကို ကြားလိုက်ရတယ်
ကောင်လေးက ကျွန်တော် လက်ကို ဆွဲ ပီး
၂ ယောက်သား နောက်ကနေ လိုက်လာတဲ့ သူနဲ့
ဝေးရာကို ပြေးနေရင်း ကောင်လေးက
ပုန်းစရာနေရာတစ်ခုကို တွေ့တော့
ကျွန်တော့်ကို အုတ်နံရံနားကပ်ထားပြီးတော့
ကျွန်တော်ကို မမြင်အောင်လို့ သူ ရင်ခွင်ထဲ
ထည့်သွင်းထားတဲ့ ကောင်လေး
'war'က ကောင်လေးအရပ်ထက် ပုတော့
သူရဲ့ ရင်ခွင်ထဲမှာ မြှပ်နေတော့တာ
ကောင်လေးက ကျွန်တော့ကို မကြည့်မနေပါဘူး
ကျွန်တော်တို့နောက်လိုက်လာတဲ့ လူတွေရဲ့ အခြေအနေကို တိတ်တဆိတ်ကြည့်နေရင်းနဲ့
'war'ဘက်ကို မျက်နှာပြန်လည့်လာတော့
'war'လည်း ရင်ခုန်တာသိသွားမည်စိုးပြီး ရုန်းလိုက်တော့
ကောင်လေး ရဲ့ ခြေထောက် ကို 'war'ခြေထောက်နဲ့ ခြေထိုးခံသလို ဖြစ်သွားပြီးတော့ ချော်လဲတော့မလို့ ဖြစ်သွားတဲ့
ကောင်လေးကို ဖမ်းထိမ်းလိုက်တော့
အမှတ်မထင် ကျွန်တော့တို့ နှုတ်ခမ်းချင်း ထိမိသွားတယ်
တယောက်မျက်လုံးတယောက်ကြည့်ရင်း 'war'
တွန်းဖယ်ပစ်ဖို့မစဉ်းစားမိဘဲနဲ့ မျက်လုံးလေး မှိတ်မိရက်သားလေး ဖြစ်သွားတော့တယ်
ဟာ 'war'ဘယ်ရောက်သွားတာလဲ
ဟေ့ကောင်တွေ လူခွဲရှာကြစမ်း မင်းတို့ရှာမတွေ့ရင်တော့ ဒီနေ့ မင်းတို့အကောင်တွေ
အသက်ပျောက်ပြီသာမှတ်ကြတော့
ငါပြောတာကြားကြလား ဟုတ်ကဲ့ပါ 'Boss'
'war"ကကြောက်ကြောက်နဲ့ အသိပြန်၀င်လာပြီး အသံထွက်မလို့ဖြစ်သွားတော့ ကောင်လေးက ကျွန်တော်ကို အသံမထွက်မိအောင်လို့ ကျွန်တော်ကို သူနှုတ်ခမ်းအိအိလေးနဲ့ ပြန်ဖိနမ်းနေတော့တယ်
အနားမှာ အသံမကြားရတော့မှ ကောင်လေး
က ကျွန်တော့ နမ်းနေရာကနေ ခွါလိုက်ပြီးတော့
အသံချိုချိုလေးနဲ့ စကားပြောလာတယ်'p''p' ဟင် သူတို့မရှိတော့ဘူးထင်တယ်
'war'လည်း ဘေဘီ ကို ဝေ့ကြည့်လိုက်ရင်း
အော် ဟုတ်မယ်ထင်တယ်
မတွေ့တော့ဘူး ကျွန်တော့ အထင်တော့
သူတို့ ဒီဖက်ပြန်လှည့်မလာခင် ဒီကနေထွက်မှဖြစ်မယ် လာ သွားစို့ 'p'ကောင်လေးက
ပိုင်စိုး ပိုင်နင်းနဲ့ ကျွန်တော့လက်ကို လာဆွဲပြန်တယ်
ကျွန်တော် သူလက်ကို ပြန်ဆွဲပြီး ဘောင်းဘီအိတ်ထဲက ကားသော့ က ခလုတ်ကို နှိပ်လိုက်တော့ ကျွန်တော့ရဲ့ ကားလေးက မီးအချက်ပြတယ်
ဟင် ဘာလဲ ' p ' ဟိုမှာ 'p'ကားလေ
အော် လာလေ သွားကြမယ်
ကျွန်တော့ကို တကယ်ပိုင်စိုးပိုင်နင်းနဲ့ပါ
ကျွန်တော့ကားနားကို သူက လက်ဆွဲခေါ်သွား
ပြန်ပါတော့တယ်ဆက်ရန်......
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်