တစ်သက်မှာ တစ်ခါ တစ်ဘ၀မှာ တစ်ယောက်
တစ်သက်မှာ စကားတစ်ခွန်း
အဲတာ "၂ လုံးထဲ"
မင်းကို "ချစ်တယ်"
"war wanarat "
Season 2 ကလည်း မကြာခင် ပြသတော့မှာဆိုတော့ အတိုင်း မသိ ၀မ်းမြောက်မိပါတယ် :)
ဒါက အိမ်မက်လား ဒါသာ အိမ်မက်ဆို war wanarat တစ်ယောက်တော့ နိုးမထချင်တော့ပါဘူး----
war နှစ်ရှည်လများ ရှာနေရတဲ့ ကောင်လေးရဲ့ အရိပ်ကို war တွေ့လိုက်ရလို့ပါ ၊ yiwar က ရုတ်တရက်ကြီး ကျွန်တော် အိမ်ကနေ ပြေးထွက်သွားတော့ ကျွန်တော် ကို ဖုံးကွယ်ထားတာ တစ်ခုခုတော့ ရှိမှာဘဲ ဆိုတဲ့ စိတ်နဲ့ လိုက်လာခဲ့တာပါ ၊yiwar ရဲ့ ကားနောက်ကနေ -------
ကျွန်တော် အံသြမိတယ် yiwar သွားနေတဲ့ လမ်းကြောင်းက သုသာန်ဘက်ကို ပါ ၊ သူ ဘာလို့အဲဘက်ကို မောင်းထွက်သွားတာလဲ မသိပေမယ့် yiwar နောက်ကို လိုက်ဖို့ သုသာန်ဘက်လမ်းကို မကွေ့ခင်မှာ ကောင်လေးရဲ့ အရိပ်ကို တွေ့လိုက်ရတာပါ ------
ကျွန်တော် သေချာတယ် ကျွန်တော် အမြင်မမှားလောက်ပါဘူး ၊ တခြားသူရဲ့ မျက်နှာကိုwar မမှတ်မိချင်မှတ်မိဘဲနေပါလိမ့်မယ် ဒါပေမယ့် war သေချာပြောနိုင်ပါတယ် သူက Yin မှ Yin အစစ်ပါ --
ကျွန်တော် ကားပေါ်ကနေ ဆင်းပြီးတော့ အနောက်ကနေ လိုက်သွားလိုက်တယ် ၊ ကောင်လေးက အိမ်တစ်လုံးထဲကို ၀င်ပြီးတော့ ပျောက်သွားတယ် ၊ ကျွန်တော် သူကို ထပ်မျက်စိအောက်ကနေပြီးတော့ အပျောက်မခံနိုင်တော့တာမို့ အိမ်က "လူခေါ်ဘဲလ် "ကို နှိပ်လိုက်တယ် ၊ "တင်းတောင် တင်းတောင် "
သိပ်မကြာလိုက်ပါဘူး တံခါးကို လာဖွင့်တော့ " ကျွန်တော် ဘယ်လောက်၀မ်းသာသွားတယ် မသိဘူး" war ဘာလုပ်မိမှန်း war မသိလိုက်မိခင်မှာဘဲ "တမ်းတမ်းတတ မူးရစ်စေမယ့် အနမ်းတွေ နဲ့ ကောင်လေးကို ဖက်တွယ်ပြီးတော့ နမ်းရှိုက်နေမိတယ်" ဒီအနမ်းက war သူကို ဘယ်လောက်တွေ့ချင်တယ် war ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲဆိုတာ ဖေါ်ပြဖို့ အတွက်တော့ လုံလောက်မယ်လို့တော့ မထင်မိပါဘူး"
YOU ARE READING
(CEO Lover Bad Boy) CEO ရဲ့ ကလေးဆိုး (season 2)
Romance#yinwar အတွဲလေးကို ချစ်ခင်နှစ်သက်လို့ ဇာတ်လမ်းတွဲလေးအနေနဲ့ ပုံဖော်ရေးသားတာပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်