{ Unicode }
အချိန်ကား မိုးရာသီတွင်ဖြစ်ပြီး နေမင်းကြီးအား ဖုံးအုပ်ထားသည့် တိမ်စိုင်တိမ်ခဲများကြောင့် ရာသီဥတုကစိုထိုင်းထိုင်းနှင့်အေးစက်လျက်ရှိသည်။
Genesis GV80 model ကားတစ်စီးသည် မြို့ပြင်နှင့် သိပ်မဝေးသော နေရာတစ်နေရာရှိ ဂိုဒေါင်အဟောင်းတစ်လုံးစီသို့ ဦးတည်မောင်းနှင်လျက်ရှိသည်။
ဂိုဒေါင်၏အရှေ့တွင်တော့ သူမ၏တပည့်ဟုဆိုနိုင်သော လက်အောက်ငယ်သားများက အဆင်သင့်စောင့်နေကြလေသည်။
ဂိုဒေါင်အားဖွင့်လိုက်ပြီး အခန်းတွင်း လဲကျနေသောမိန်းမပျိုကို မြင်သည်နှင့် သူမ၏ မျက်နှာထက်တွင်လည်းမဲ့ပြုံးတခုက ဆင်မြန်းလျက်...။
" သူ့ကိုလက်စဖျောက်လိုက် "
အေးစက်စက်လေသံဖြင့်ပြတ်သားစွာပြောပြီးထွက်သွားသောသူမ။
အခန်းကျဉ်းလေး၏ ကြမ်းပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးလေးမှာတော့ သူမရှေ့တွင်ဖြစ်ပျက်နေသည့်အကြောင်းအရာများကို မသိလိုက်ပေ။
____________________________________________________________________________________________
မြို့ပြင်သို့ဦးတည်မောင်းနှင်နေသော ကားပေါ်တွင်
" မမလေးကဘာလို့ ဒီမိန်းကလေးကိုလက်စဖျောက်ခိုင်းတာလဲမသိဘူးနော် "
ကားပေါ်ရှိသတ်လတ်ပိုင်းအရွယ်ယောက်ျားနှစ်ယောက်
တနည်းပြောရလျှင် ကားနောက်ခန်းတွင်ဖမ်းခေါ်လာသော အမျိုးသမီးငယ်ကို မြို့ပြင်မှာအရှင်လတ်လတ်မြေမြှပ်ရန်ညွှန်ကြားခံရသောယောက်ျားနှစ်ယောက်။
" သူ့ထက်ပိုချောလို့နေမှာပေါ့ကွ "
ပထမတစ်ယောက်မေးတာကို စိတ်မရှည်သလိုပြန်ဖြေလိုက်သည့်ဒုတိယတစ်ယောက်
" ဟေ့ရောင် ငါတို့သူ့ကိုမသတ်ပစ်ခင်အရင် rape လုပ်ကြမလား ဘယ်သူမှမသိနိုင်"
ဒုန်း...
ဒုစရိုက်လောကမှာကျင်လည်သောသူတို့အဖို့ မကောင်းကြံရန်ကြိုးစားသော်လည်း ကံတရားကခွင့်မပြု ။