Ep - 28

306 38 2
                                    

[ Unicode ]

" မတွေ့ရတာကြာပြီနော် ဟယ်ဂျင်းရှီ "

လိုက်ကာစကိုဖယ်ပြီးထွက်လာသည့်လူက သူမအား အချိန်ရှိတိုင်း သတ်ပစ်ရန်စိတ်ကူးနေသည့်ချွဲဂျီယောင်း။

ချွဲဂျီယောင်းနောက်မှထပ်ထွက်လာသည့်အဖြူ‌ရောင်ဂျူတီကုတ်နှင့်လူမှာတော့ သူမအရင်းနှီးဆုံးလူ၊ ဒေါက်တာလီဆိုရာပင်။

မထင်မှတ်ထား‌သောလူကိုတွေ့လိုက်ရတာကြောင့် သူမ အလွန်တရာထိတ်လန့်သွားကာ အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။

" unnie... unnieကဘယ်လိုဖြစ်ပြီး..."

သူမ၏ အဓိပ္ပါယ်ပါသောအကြည့်ကို ဆိုရာကအကြည့်ချင်းမဆုံဘဲ တစ်ဖက်သို့အကြည့်ပို့ရင်း ရှောင်လွှဲသည်။

သစ္စာဖောက်ခံလိုက်ရသလိုခံစားချက်ကြီးကြောင့် သူမရင်ထဲပူဆွေးသွားရသည်။
ဂျောင်ဂုကိုမော့ကြည့်တော့ သူလည်းမထင်မှတ်ထားသောကြောင့် အံ့အားသင့်နေသည့်ပုံ။

သူမတို့နှစ်ယောက် အံ့အားသင့်နေတုန်းမှာပင် မိထွေးဖြစ်သူက ဂျီယောင်းဘက်လှည့်၍အသံတိုးတိုးဖြင့် စကားပြောနေသည်။
ဆိုရာက သူတို့၏ဘေးနားတွင် တောင့်တောင့်လေးရပ်လျက် သူမကို ဆွေးဆွေးမြေ့မြေ့လှမ်းကြည့်နေ၏။

" သတ်မယ်ဆိုလည်းပြီးကျမှသတ်လို့ရတယ်လေ။ ‌ဂျွန်ဂျောင်ဂုက သူအစ်မကိုသိပ်ချစ်တာ သူ့အစ်မနဲ့ခြိမ်းခြောက်ရင် ငါတို့လိုချင်တာ ခဏလေးနဲ့ရလိမ့်မယ် "

" ရှယ်ယာတွေက အန်တီလိုချင်တဲ့ဟာပါ၊ ကျွန်မသူ့ရှယ်ယာတွေစိတ်မဝင်စားဘူး ဂျွန်ဟယ်ဂျင်းကိုပဲလိုချင်တာ "

" အေးလေ နင်လိုချင်တာအခုရနေပြီပဲ ဂျွန်ဂျောင်ဂုဆီက စကားလှည့်လို့ရတာနဲ့ နင်သူ့ကိုသတ်ပစ်လိုက်ပေါ့ "

" အဲ့လောက်ထိမစောင့်နိုင်ဘူးအန်တီ ကျွန်မသူ့ကိုသတ်ဖို့ကြိုးစားတိုင်း ဘယ်တော့မှမအောင်မြင်ခဲ့ဘူး။ ဒီတစ်ခါတော့အောင်မြင်မှဖြစ်မှာ။ ပတ်ဂျီမင်းက ဘယ်အချိန်ရောက်လာမလဲ မသိနိုင်ဘူး။ ဂျွန်ဟယ်ဂျင်းကိုအခုဆေးထိုးထားလိုက်မှ ပတ်ဂျီမင်းရောက်တဲ့အချိန်ဆို သူသေနေမှာ "

If you LOVE me [Completed]Tempat cerita menjadi hidup. Temukan sekarang