[ Unicode ]
" ဒါခင်ဗျားလက်ချက်မလား!! "
စားပွဲကို အုန်းခနဲနေအောင်ရိုက်ကာ မေးလိုက်တော့ လက်သည်းနီဆိုးနေရင်း မော့ကြည့်လာသောအဖွားကြီး။
*ကျစ် စိတ်ပျက်ဖို့ကောင်းလိုက်တာ*
" ဘာတွေလာပြောနေတာလဲဂျောင်ဂု "
" Noonaကို ပြန်ပေးဆွဲတာခင်ဗျားမလားလို့!! "
" ဟယ်ဂျင်း? ဟယ်ဂျင်းကိုငါကဘာလို့ပြန်ပေးဆွဲရမှာတုန်း ပြီးတော့ငါကမင်းမေမေလေးနော် ဂျောင်ကု ငါ့ရှေ့မှာမရိုင်းစိုင်းနဲ့!! "
" ဘာမေမေလေးလဲ ခင်ဗျားကိုကျုပ်အမေလို့ကို မသတ်မှတ်ထားဘူး ကျုပ်အမေက တစ်လောကလုံးမှာတစ်ယောက်ပဲရှိတယ် အဲ့တာခင်ဗျားမဟုတ်ဘူး!! "
" ဂျွန်ဂျောင်ဂု!! မင်းကငါ့အခန်းထဲထိဝင်လာပြီးထင်ရာစိုင်းနေတာပေါ့လေ!! မင်းအစ်မကိစ္စကို ငါဘာမှမသိသလို မင်းအစ်မကိုလည်း ငါဘာမှမလုပ်ဘူး "
" ဟက်...Noonaကတော့ခင်ဗျားကိုအမြဲကောင်းကောင်းဆက်ဆံပေးရဲ့သားနဲ့ ခင်ဗျားကတော့ "
" ငါလုပ်တာမဟုတ်ဘူးလို့ပြောနေတယ်လေ!! "
" ခင်ဗျားကိုအမေတစ်ယောက်လိုသဘောထားပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တဲ့ Noonaကိုမှလေ "
" ဂျွန်ဂျောင်ဂု!! နင်တော်လိုက်တော့နော်!! "
"ခင်ဗျားမှမဟုတ်ရင်!!
ဘယ်သူဖြစ်နိုင်မှာမို့လို့လဲ? Noonaသာမရှိတော့ရင်အပျော်ဆုံးကခင်ဗျားဖြစ်နေမှာလေ မဟုတ်လို့လား? "" Noonaသာတစ်ခုခုဖြစ်သွားရင် ခင်ဗျားကိုဒီတိုင်းမထားဘူး!! "
သူမကိုလက်ညိုးငေါက်ငေါက်ထိုးကာ ပြောဆိုသွားသောဂျောင်ဂုကို သူမဘာမှပြန်မပြောလိုက်နိုင်။
ဒုန်း...
တံခါးကိုအကြမ်းပတမ်းဆွဲပိတ်ကာထွက်သွားသောဂျောင်ဂုကိုကြည့်၍ သူမ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
______________________________________________________________________________
" မြန်မြန်တွေ့အောင်ရှာကြ! တွေ့တာနဲ့ တွေ့တဲ့နေရာမှာလက်စဖျောက်ပစ်လိုက်! အရေးကြီးတာက ထယ်ယောင်းရှာမတွေ့ခင်ငါတို့အရင်တွေ့မှဖြစ်မယ်!! "