Extra♡

604 34 2
                                    

[ Unicode ]

“ ကို! ဒီကိုခဏလာပါဦးဆိုနေ ”

“ လာပါပြီခင်ဗျ ”

အလုပ်ပိတ်ရက်ကလေးမှာ ဇနီးဖြစ်သူနောက် တကောက်ကောက်လျှောက်လိုက်ကာ ပျော်မြူးနေသည့် parkစံအိမ်တော်၏ သခင်လေးတစ်ယောက်ရှိသည်။

အလုပ်ကိစ္စများနှင့် companyကို ယွန်းဂီဟျောင်းနှင့် ဂျောင်ဂုဆီအပ်ခဲ့ကာ ရက်ရှည်ခွင့်ယူထားသောကြောင့် တနေ့လုံးတညလုံး ဟယ်ဂျင်းအနားသို့သာ ကပ်နေတော့သည်။
ယနေ့တွင်လည်း စံအိမ်အနီး၌တည်ရှိသည့် mallတစ်ခုတွင် ညစာအတွက်ချက်ပြုတ်မည့်ပါဝင်ပစ္စည်းများကိုဝယ်ယူရန် ဟယ်ဂျင်းနှင့်အတူလိုက်လာခြင်းပင်။

“ ဒီမှာ ဒါလေးထဲက  ဘာစားရင်ကောင်းမလဲဟင် ”

မုန့်နှင့် အအေးများစီတန်းထားသောနေရာတစ်နေရာရှိ ချိုချဉ်နှင့် ဂျယ်လီအတုံးသေးလေးများ အပြည့်ထည့်ထားသည့်ဘူးကြီးလေးဗူးရှေ့တွင် ဟယ်ဂျင်းကရပ်နေသည်။
အနီ၊အဝါ၊အစိမ်း၊အပြာ စသည့် ရောင်စုံဖြစ်သောချိုချဉ်ဘူးများက မြင်သူတိုင်းစားချင်စဖွယ်ဖြစ်အောင် ဖန်တီးထားပုံပေါ်သည်။

“ ရွေးရခက်နေရင် လေးခုလုံးဝယ်လိုက်လေ ဟယ်ဂျင်းရဲ့ ”

သူ့စကားကြောင့် ဟယ်ဂျင်းကမျက်လုံးလှန်ကြည့်သည်။

“ လူကိုချွဲကြပ်ပြီး သေအောင်ကြံစည်နေတာလား ”

“ ဟော...သူပဲရွေးရခက်နေလို့ အကုန်ယူလိုက်လို့ပြောတာလေ တထိုင်တည်းထိုင်စားခိုင်းတာမှ မဟုတ်တာ ”

“ ဟွန့် ဘာမှန်းလည်းမသိဘူး ”

“ ဟောဗျာ အခုကို့ ကို အသလွတ်ရစ်နေတာလား ”

“ ဘယ်သူက ရစ်နေလို့လဲ ရစ်ဖို့အားမနေဘူး ဒီကိုမြန်မြန်လာ အသားဝယ်ပြီးရင် အိမ်ပြန်မယ် ”

“ ဒီဂျယ်လီတွေမဝယ်တော့ဘူးလား ”

“ မဝယ်တော့ဘူး ချွဲကြပ်ပြီးသေမှာစိုးလို့ ”

“ ဂျွန်ဟယ်ဂျင်းတို့ကတော့ စိတ်ကြီးပဲ ”

“ ဘာပြောတယ် ”

“ ဘာမှမပြောပါဘူး ”

“ ကျွန်မကြားလိုက်တယ်နော် ”

If you LOVE me [Completed]Tahanan ng mga kuwento. Tumuklas ngayon