Ep - 26

443 50 12
                                    

[ Unicode ]

" အဲ့တော့ ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ "

" ကျွန်တော်စိတ်ပူတယ် "

နမ်ဂျွန်းရဲ့ရုံခန်းထဲမှာ နှစ်ယောက်သားခေါင်းချင်းဆိုင်ကာထိုင်ရင်း ချွဲဂျီယောင်းပြောသွားသည့်စကားများကို အဖြေထုတ်နေမိကြသည်။
သူမ ပြောသွားတဲ့စကားများက အဓိပ္ပါယ်အမျိုးမျိုးသက်ရောက်နေသည်။ သေချာတာတစ်ခုကတော့ ဟယ်ဂျင်းဒုက္ခရောက်တော့မည်မှာ အနှေးနဲ့အမြန်ပင်။

" ဟယ်ဂျင်းတို့ကိုကြိုပြီး သတိပေးထားရင်ကောင်းမလား "

" ဟျောင်းကပဲပတ်ဂျီမင်းကိုပိုဂရုစိုက်ဖို့ပြောပေးပါ
ဟယ်ဂျင်းကအခုမှပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်လာတာ ချွဲဂျီယောင်းကြောင့် အတွေးတွေထပ်မများစေချင်တော့ဘူး "

ဟယ်ဂျင်းဘက်ကိုတော့ အပြည့်အဝတွေးပေးတဲ့ ထယ်ယောင်းက သူကိုယ်တိုင်တော့ ပျော်ပျော်နေဖို့ကိုမေ့နေခဲ့လေသလား။
တခါတလေ နမ်ဂျွန်း ဟယ်ဂျင်းတို့ကိုမေးကြည့်လိုက်ချင်ပါသည်။
ထယ်ယောင်းကိုဘာကြောင့်မချစ်ရတာလဲလို့!

အရင်ရက်တွေတုန်းက ထယ်ယောင်းက ဟယ်ဂျင်းကိုမချစ်တော့ပါဘူးလို့ပြောပြီးပြုံးနေခဲ့ပေမဲ့ သူတကယ်မမေ့နိုင်သေးတာကို နမ်ဂျွန်းကောင်းကောင်းသိသည်။
အရာရာကိုမြိုသိပ်ထားသလို တိတ်ဆိတ်နေတဲ့ထယ်‌ယောင်းကိုငေးကြည့်ရင်း နမ်ဂျွန်း သက်ပြင်းသာအကြိမ်ကြိမ်ခိုးချမိသည်။

ဒေါက်!ဒေါက်!

" ဆရာ ကျွန်မ ဝင်လာခဲ့မယ်နော် "

အသံနှင့်အတူအထဲသို့ဝင်လာသည့်မိန်းမပျိုက လက်ထဲတွင်လည်း ဗန်းတစ်ခုကိုသယ်လျက်။
ထိုမိန်းမပျိုက နမ်ဂျွမ်းတို့အရှေ့ရှိခုံပေါ်သို့ စားစရာများလာချပေးသည်။

" ထယ်ယောင်းရောက်နေတယ်ဆိုလို့ ဆရာတို့စားရအောင် မုန့်လာပို့တာ "

ထိုကောင်မလေးက မုန့်ပန်းကန်များကိုချနေရင်း နမ်ဂျွန်းအရှေ့ကထယ်ယောင်းကို လှမ်းလှမ်းကြည့်နေတာကြောင့် နမ်ဂျွန်းပြုံးလိုက်မိသည်။

" မုန့်တွေမဝယ်လာပါနဲ့ဆို ဝယ်လာပြန်ပြီလား ပြီးတော့ငါ့ကိုဘယ်အချိန်ထိဆရာလို့ခေါ်နေဦးမှာလဲ "

If you LOVE me [Completed]Where stories live. Discover now