[ Unicode ]
ရှေးခေတ်ဂရိအသုံးအဆောင်တွေနှင့်အလှဆင်ထားသောကော်ဖီဆိုင်လေးတစ်ဆိုင်။
ဆိုင်ထဲရှိဝိုင်းတစ်ဝိုင်းတွင်တော့ black coffeeတစ်ခွက်ကိုကိုင်ရင်း ကျန်လက်တဖက်နဲ့ စားပွဲကိုတတောက်တောက်ခေါက်နေသည့်လူတစ်ယောက်။
တစ်ချက်ကြည့်မိလိုက်တာနဲ့ လည်ပြန်ငေးမောရလောက်သည်အထိ ရုပ်ရည်ချောမောသည့်ထိုလူသားကြောင့် ကော်ဖီဆိုင်ထဲရှိလူတိုင်းလိုလိုက ထိုဝိုင်းတွင်ထိုင်နေသောအမျိုးသားကို မသိမသာတမျိုး သိသိသာသာတမျိုးဝိုင်းကြည့်လျက်ရှိသည်။
ထိုအမျိုးသားမှာလည်း ဤကဲ့သို့လူများသည့်နေရာမျိုးကိုမကြိုက်ပေမဲ့ တမင်ဒီလိုနေရာမျိုးမှာ တွေ့ရန်ချိန်းလိုက်ခြင်းပင်။
အကယ်၍များ အခြေအနေတွေတင်းမာခဲ့လျှင်တောင် ဒီလူအများကြီးရှေ့မှာသူသေကိုယ်သေတိုက်ခိုက်ကြသည်အထိတော့မဖြစ်နိုင်။
ပတ်ဂျီမင်းက အသာတကြည်လက်ခံလိုက်၍သာတော်သေးသည်။
*ချွင် ချလွင်*
ကော်ဖီဆိုင်ရဲ့တံခါးကို ဆွဲဖွင့်လိုက်တာကြောင့်ထွက်လာသောချူသံလေး။
ထို့နောက် ဆိုင်တွင်းသို့တလှမ်းချင်းလျှောက်လာပြီး ဝိုင်းတစ်ခုရှေ့တွင်ရပ်လိုက်သောဂျီမင်း။
စဝင်လာကတည်းက တည်ကြည်ခန့်ညားလွန်းတဲ့မျက်နှာထားကြောင့် အဝေးကကြည့်လျှင်ပင် ချောမောလွန်းသည့် ထိုလူသားထံသို့ ဆိုင်ထဲရှိလူများ၏အကြည့်ကကပ်ပါလာခဲ့သည်။
သူရပ်လိုက်သောဝိုင်းက လူမှာလည်းတချက်သာမော့ကြည့်ပြီး ထိုင်လျက်ပင်လှမ်းနှုတ်ဆက်သည်။
" မတွေ့ရတာကြာပြီနော် ပတ်ဂျီမင်းရှီ "
____________________________________________________________________________________________
စရောက်ကတည်းက နှစ်ယောက်သားအကြည့်ချင်းတိုက်စစ်ဆင်နေသည်မှာ တော်တော်ပင်ကြာနေလေပြီ။
ဂျီမင်းမှာထားသည့် black coffee တစ်ခွက်ပင် လာချပေးသွားသည်မှာ မည်မျှကြာသွားသည်မသိ ကော်ဖီများပင်အေးစက်နေလေပြီ။
