[ Unicode ]
“ မတွေ့ရတာကြာပြီနော် ဟယ်ဂျင်းရှီ ”
ဂုတ်ထောက်နေသောဆံပင်တွေကြား မျက်လုံးမှေးမှေးတွေကတဆင့် ဟယ်ဂျင်းကိုလှမ်းကြည့်နေပုံမှာ စူးရှပြင်းထန်လွန်းလှသည်။
ထိုမျက်လုံးတွေထဲ သေချာကြည့်မည်ဆိုပါက မနာလိုမုန်းတီးကာမနှစ်မြို့သောအရိပ်အယောင်များကိုမြင်တွေ့နိုင်သည်။
သူမနှင့်စစတွေ့စဥ် ဟိုးအရင်အချိန်များကတည်းက ထိုသို့သောအကြည့်မျိုးကိုပဲလက်ခံရရှိခဲ့သည့်ဟယ်ဂျင်းကတော့ ထိုအကြည့်များ၏အဓိပ္ပါယ်ကို အထွေအထူးသတိမထားခဲ့ပေ။
ဟယ်ဂျင်းကိုသာ အကြည့်ရောက်နေတတ်သည့်ထယ်ယောင်းမှာလည်း ထိုအကြည့်စူးစူးတွေကိုမြင်တွေ့ခဲ့မည်မဟုတ်။
ကြီးမားလှသည့်အန္တရာယ်တစ်ခုကို ဟယ်ဂျင်းထံအရောက်ပို့နေမိတာကို ထယ်ယောင်းကိုယ်တိုင်လည်းသတိမထားမိခဲ့ပေ။
အကယ်၍ ထယ်ယောင်းသာစောစောကြိုသိခဲ့ပါလျှင်..။____________________________________________________________________________________________
" နင်အဆင်ပြေရဲ့လား ပိန်သွားသလိုပဲ "
" stressတွေများနေလို့ပါ "
" ကိုယ့်ကိုယ်ကိုယ်တော့ဂရုစိုက်လေ "
တစ်ယောက်လက်ပေါ် တစ်ယောက်ထပ်ကာ အလွမ်းသယ်နေကြသော သူငယ်ချင်းနှစ်ယောက်ကို ထယ်ယောင်းလက်ထောက်၍သာ ထိုင်ကြည့်နေမိသည်။
ထယ်ယောင်းမိတ်ဆက်ပေးလို့သိခဲ့ကြသော ဆက်ဆံရေးဆိုပေမဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတတ်သောဟယ်ဂျင်းကြောင့် ခင်တာမကြာသေးတာတောင်ဂျီယောင်းနဲ့ ခဏလေးအတွင်းမှာပဲ ရင်းနှီးသွားကြတာဖြစ်သည်။
ထယ်ယောင်း အရှေ့ကနှစ်ယောက်အားပြုံး၍ထိုင်ကြည့်နေမိသည်မှာ မည်မျှပင်ကြာသွားသည်မသိ၊ အပေါ်ထပ်ကtannieရဲ့ထိုးဟောင်သံကြားမှသာ ငေးကြည့်နေမိရာမှသတိပြန်ဝင်လာတော့သည်။
" ငါအပေါ်တက်ကြည့်လိုက်ဦးမယ် tannieနဲ့ jungkookie ဘာတွေဖြစ်နေပြန်ပြီလဲမသိ.. "
စကားကိုပင်ဆုံးအောင်မပြောနိုင်ဘဲ အပေါ်ထပ်သို့ပြေးတက်သွားသောထယ်ယောင်းအား သူမမျက်စိတဆုံးလိုက်ကြည့်နေမိသည်။