Ep - 3

1K 97 12
                                    

[ Unicode ]

Jacksonကပင်လိုချင်လွန်းခဲ့သောသူမို့လို့ မိမိလက်ထဲရောက်လာတော့ ကောင်း‌ကောင်းကြီးဒုက္ခပေးဦးမည်ဟုတွေးထားသော်လည်း
မနေ့ညကထိုကောင်မလေးအား စစမြင်ချင်းမှာပင်ထိုအတွေးတွေအကုန်လုံး‌ ပျောက်ဆုံးသွားတော့သည်။

သက်ရှိအရုပ်မလေးတစ်ရုပ်နှယ် မေ့မြောနေတဲ့အချိန်မှာတောင်မထိရက်မကိုင်ရက်စရာ လှပလွန်းသည်။
ဂျီမင်းဘဝတွင် သည်မျှလောက်လှပသောမိန်းကလေးမျိုး အရင်ကမမြင်တွေ့ဖူးပါ။

ကော့စင်းနေသောမျက်တောင်ရှည်ကြီးနှင့် အေးစက်စက်ရာသီဥတုကြောင့်နီရဲရဲဖြစ်နေသောနှာခေါင်းထိပ်လေးက တို့ထိကြည့်ချင်စရာကောင်းလှသည်။
သဘာဝအတိုင်းနီရဲ‌ကာပြည့်ဖူးလျက်ရှိသောနှုတ်ခမ်းဖူးတစ်စုံကနေ သူ့ကိုစကားပြောလာမည့်အချိန်အားစောင့်မျှော်နေမိသည်။

ထို့ကြောင့်လည်းမနက်ဘက်အလုပ်ကိစ္စတွေပြီးကတည်းက သူမရှိရာအခန်းဘက်ကိုခဏခဏသွားကြည့်နေမိသည်။

နေ့လယ်ခင်းထမင်းစားချိန်လောက်မှနိုးလာသည့်ကောင်မလေးက အခန်းထဲဝင်လာသည့်သူ့ကိုအထူးအဆန်းသဖွယ်တအံ့တဩမော့ကြည့်လာသည်။

မျက်လုံးအကြည့်တွေကထင်ထားသလောက်တင်းမာနေခြင်းမျိုးမရှိ၍ ပြောလို့ဆိုလို့လွယ်မည့်ကောင်မလေးဖြစ်လောက်မည်ဟုထင်ခဲ့သမျှအထင်နှင့်အမြင် တက်တက်စင်အောင်လွဲတော့သည်။

သူ့ကိုတခွန်းမကျန်ပြန်ပြောသည့်အပြင် သူ့ပါးကိုပါရိုက်သွားတာကြောင့် ကြည်လင်နေသည့်စိတ်က ချက်ချင်းဒေါသတွေနှင့်ပြည့်နှက်သွားရတော့သည်။

တသက်နဲ့တစ်ကိုယ် ဘယ်မိန်းမကမှသူ့ပါးကိုမရိုက်ဖူးပါ။

သူ့ပါးကိုရိုက်ဖို့လောက်ထိ ထိုကောင်မလေးက သတ္တိရှိတာလား?
သတ္တိရှိတာတော့ မဖြစ်နိုင်။
အကြောက်လွန်ပြီးရိုက်လိုက်တာဆိုပိုမှန်မည်။

ခန္ဓာကိုယ်ကို အတင်းသိမ်းပိုက်တော့ ခြေထောက်တွေနှင့်ပင်တွန်းထုတ်ကာ တဆတ်ဆတ်တုန်ယင်လို့နေသည်။

ဘယ်လိုမိန်းမမျိုးနှင့်မှမပက်သတ်ချင်၍ ဝေးဝေးကရှောင်တတ်သောသူသည် ယခုတော့ မိန်းကလေးတစ်ယောက်ကို ဖျက်လိုဖျက်စီးလုပ်ရန်ကြံစည်မိခဲ့သည်။ ထို့အတွက် သူ့စိတ်ထဲမှ နောင်တရပြီး ထိုကောင်မလေးကိုသွားတောင်းပန်ချင်သည့်စိတ်များဖြစ်ပေါ်နေခဲ့သည်။

If you LOVE me [Completed]Onde histórias criam vida. Descubra agora