Ep - 6

967 89 17
                                        

[ Unicode ]

ပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မဲနေပြီး သူမကတော့ ဦးတည်ရာမဲ့ပြေးလွှားနေသည်။

ဘယ်နေရာမှန်းမသိ၊ဘယ်ကိုရောက်မည်မှန်းမသိသော ထိုရှည်လျားမှောင်မဲနေသည့်လမ်းမပေါ်တွင်ပြေးလွှားနေမိသည်။

ဟယ်ဂျင်း

ဟော...ဟိုးအဝေးကြီးကနေ သူမနာမည်ကိုခေါ်‌နေသည့်‌ယောက်ျားတစ်ယောက်။

ဟယ်ဂျင်း...

အသံကတဖြည်းဖြည်းပိုနီးလာသည်။
သူမ ဒီအမျိုးသားအသံကိုကြားဖူးသည်။

ဟယ်ဂျင်း....

အနားရောက်မှ တဖြည်းဖြည်း မြင်လာရသော ထိုအမျိုးသားမျက်နှာက ခက်ထန်နေသည်။
သူမ ထိုအမျိုးသားဆီက ထွက်ပြေးနေခြင်းပင်။
အခုလည်းထွက်ပြေးရဦးမည်။

ထိုအမျိုးသား သူမအနားသို့ရောက်မလာခင်မှာပင် မှောင်မဲနေသော လေဟာပြင်ကြီးထဲသို့ သူမ ပြေးဝင်ခဲ့တော့သည်။

အနောက်ကတရစပ်လိုက်လာနေသော ထိုအမျိုးသားကြောင့် သူမအရှိန်ကိုအမြင့်ဆုံးမြှင့်၍ပြေးနေမိသည်။

သူမဆီသို့ တဟုန်ထိုးပြေးလာနေသည့်အရိပ်မည်းမည်းက သူမအတွက်ထိတ်လန့်စရာပင်။

*ဟင့်အင်း..မဖြစ်ဘူး။ငါ့ကိုမိသွားလို့မဖြစ်ဘူး*

ကြောက်လန့်တကြားပြေးနေရင်းမှ သူမ၏လက်တဖက်ကိုလှမ်းဆွဲလိုက်သော ထိုအမျိုးသားကြောင့် ဟယ်ဂျင်းတစ်‌ယောက်အိပ်မက်ဆိုးမှ လန့်နိုးလာခဲ့‌တော့သည်။

____________________________________________________________________________________________

မျက်စိဖွင့်ဖွင့်ချင်း မြင်လိုက်ရသော လက်ကိုချည်နှောင်ထားသည့် ကြိုးအမည်းရောင်ကြောင့် ရင်ထဲမှာထိတ်ခနဲ။

ထိုကြိုးအမည်းရောင်ကို လှမ်းဆွဲထားသည့် နေရာကိုကြည့်လိုက်တော့ ခုံပေါ်မှာဟန်ပါပါထိုင်နေသည့်ထိုလူ။

" နိုးပြီလား "

လက်မှာချည်ထားတဲ့ကြိုးကိုဆောင့်ဆွဲပြီးမေးလာသော ထိုလူသားကြောင့် သူမအရှေ့သို့ယိုင်ကျသွားရသည်။

If you LOVE me [Completed]Dove le storie prendono vita. Scoprilo ora