[ Unicode ]
ရုံးခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း အကိုဖြစ်သူပြန်လာမဲ့အချိန်ကို စောင့်နေတဲ့ကောင်လေးတစ်ယောက်။
အခန်းထဲတွင် တစ်ယောက်ထဲယောက်ယက်ခက်နေကာ ထိုင်ရမလိုထရမလိုနှင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး တစ်ခုခုကိုပူပန်စိုးရိမ်နေပုံက မျက်နှာမှာအထင်းသား။
*ချောက်*
တံခါးဖွင့်သံကြားတာနဲ့ ရင်တွေတရစပ်ခုန်လာတော့သည်။
သူမရဲ့အခြေအနေဘယ်လိုလဲဆိုတာကို အရမ်းသိချင်နေပြီလေတံခါးဆွဲဖွင့်ပြီးနောက် အခန်းထဲသို့ ဖြည်းဖြည်းချင်းဝင်လာသော အကိုဖြစ်သူကင်မ်နမ်ဂျွန်းအနားသို့လျှောက်သွားကာ မျှော်လင့်တကြီးနှင့် မျက်လုံးများကိုစိုက်ကြည့်ပြီးမေးလိုက်မိသည်။
" အခြေအနေဘယ်လိုလဲ ဟျောင်း "
နမ်ဂျွန်းကဘာမှပြန်မဖြေပဲ မျှော်လင့်ချက်မဲ့နေတဲ့အကြည့်မျိုးနဲ့သာ ခေါင်းကိုဖြည်းဖြည်းချင်းခါပြသည်။
အကြီးအကျယ်မျှော်လင့်ထားသည့် အရာတစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတိုင်း ခုံပေါ်သို့အားအင်ဖျော့တော့စွာထိုင်ချလိုက်မိသည်။
" အခုဘာဆက်လုပ်ရတော့မှာလဲ ဟျောင်းရယ် ကျွန်တော်ရူးတော့မှာပဲ "
ငိုသံစွက်နေသောအသံလေးဖြင့်ပြောလာသောထယ်ယောင်း။
ထယ်ယောင်း...
ကင်မ်နမ်ဂျွန်းရဲ့တစ်ဦးတည်းသောညီလေး ကင်မ်ထယ်ယောင်း
မိဘတွေမရှိတော့ကတည်းက ဒီညီလေးကိုသူပဲစောင့်ရှောက်လာခဲ့တာဖြစ်သည်။
ယခုလည်း တစ်ဦးတည်းသောညီလေး တဖက်သတ်ချစ်ရတဲ့ကောင်မလေးကပြန်ပေးဆွဲခံရသည့်ကိစ္စကြောင့် နမ်ဂျွန်းကသူ့ဂိုဏ်းရဲ့အင်အားကိုသုံးပြီးကူရှာပေးနေခြင်းပင်။လက်မှိုင်ချသွားသည့်ထယ်ယောင်းကို နမ်ဂျွန်းအားတက်စေမည့်စကားမျိုးပြောဖို့စကားလုံးရှာနေမိသည်။
" ဟယ်ဂျင်းကဂျီမင်းလက်ထဲမှာရှိနေတယ်ဆိုတာတော့သေချာတယ် ထယ်ယောင်း "
မှိုင်တွေနေသောမျက်နှာဖြင့် မော့ကြည့်လာသောထယ်ယောင်းက ထိုစကားကိုအာရုံစိုက်ဟန်မတူ။
