Part1

456 24 15
                                    

Unicode

အေးစိမ့်စိမ့်ချမ်းစိမ့်စိမ့် ဖြစ်နေတဲ့ဆောင်းရာသီမနက်ခင်းဟာ အတော်ကိုပင်နေလို့ကောင်းလှသည်။အိပ်ယာထက်မှ ကောင်လေးသည်လည်း ကောက်ညှင်းထုပ် ထုပ်ထားသလို စောင်ကိုထုပ်ကာအိပ်နေလေသည်။ထိုကောင်လေးသည် အိပ်နေသည်သာဆိုသော်လည်း သူရဲ့နှုတ်ခမ်းလေးဟာ ကွေးညွှတ်အောင်ပြုံးလို့နေလေသည်။

လူချမ်းသာတွေသာ နေသည့်ဆိတ်ငြိမ်းတဲ့လမ်းလေးဖြစ်သလို ထိုလမ်း၌ပန်းခြံငယ်လေးတစ်ခုလဲရှိလေသည်။
ပန်းခြံလေးကလည်း ကလေးငယ်တို့အတွက်သီးသန့်ဆောက်ပေးထားသလားမှတ်ရတယ် ဒန်းတွေ လျှော်တွေ သဲတွေနဲ့ဆော့လို့ရအောင်ပါလုပ်ထားပေးသေးတယ်။ပန်းခြံဆိုတဲ့အတိုင်း ပန်းလေးတွေတော့မပါမဖြစ် လှပနေသည်။

" တိုတို "

" ပြောလေ ငယ် "

" တိုတို ဟိုအဝေးကြီး ကိုထွက်တွားတော့မယ်ဆို ငယ့်ငယ့်ကိုထားတွားရဝူးနော် ဟင့်.."

" ကိုကိုက ကျောင်းသွားတက်မှာပါငယ်ရဲ့ ပြန်လာမှာပါ မငိုတော့နဲ့နော် ကိုကိုကခနပဲသွားမှာ "

" ဟုတ်ရို့ရာ မေမေပြောရာ တိုတိုက အကြာကြီး တွားနေရမှာဒဲ့ ငယ့်ငယ့်ကိုထားတွားပါနဲ့ အီး...ဟီး......."

" ဟာ မငိုနဲ့လေငယ်ရယ် ကိုကိုကပြန်လာမှာပါဆို ငယ်ပြော ကိုကို့ကိုမချစ်ဘူးလား "

" ချစ်ရယ်လေ "

" အဲ့တာဆို မငိုနဲ့တော့လေ ကြည့်အုံးနှာရည်တွေပါထွက်နေပြီး ညစ်ပတ်အိုးလေးရဲ့ "

" ရွှတ် အဲ့ဆို တိုတိုက ငယ့်ငယ့်ကိုမချစ်တော့ဘူးလား ဟင့် "

" ဟားဟား ချစ်တာပေါ့ ညစ်ပတ်အိုးလေးဖြစ်လဲ ကိုကိုကအများကြီးချစ်တယ် အထူးသဖြင့် ဒီပါးဖောင်းဖောင်းလေးကိုအချစ်ဆုံးပဲ ရွှတ် ရွှတ် "

" တိုတို ငယ်ညစ်ပတ်နေရယ်လေ ပြီးတော့ ဖြေးဖြေးနမ်းပါ တိုတိုရဲ့ငယ့်ငယ့်ပါးကြီး ပျောက်မသွားပါဝူး "

" ဟားဟား ဟုတ်ပါပြီးအတတ်လေးရယ် "

" အဲ့တာဆို ငယ့်ငယ့်ကို ကတိပေး ပြန်လာရမယ်နော် ပြန်လာရင်ရယ် ငယ့်ငယ့်ကိုအရင်ဆုံးလာတွေ့ရမှာနော် "

You're My OxygenWhere stories live. Discover now