Unicode
" စောင့်နေရလို့တောင်းပန်ပါတယ် ကိုယ်ကceo ခန့်မင်းနောင်ပါ "
" အာ ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် "
" ကြာသွားလားမသိဘူး "
" ရပါတယ် ကျွန်တော်တို့လဲရောက်တာမကြာသေးပါဘူး "
' ဒေါက် ဒေါက် '
" ဝင်ခဲ့ပါ "
" ceo ကော်ဖီ "
" ချထားခဲ့လိုက် "
" ဟုတ် "
" ဒါဆို လာရင်းကိစ္စကိုပြောကြတာပေါ့ "
" ဟုတ်ကဲ့ ကျွန်တော်ကမိုးထက်ယံပါ ဒီဘက်ကကျွန်တော့်ညီ ပိုင်မင်းဝေ S&K groupက ခင်ဗျားတို့နဲ့ ပူးပေါင်းချင်လို့ပါ "
" ဘာလို့ပူးပေါင်းချင်တာလဲ မင်းတို့companyက ဦးမင်းနိုင်တို့နဲ့ပူးပေါင်းထားတာမဟုတ်ဘူးလား "
" အရင်ကတော့ဟုတ်ပါတယ် အခုတော့အဲ့လူကိုငွေအလွှဲသုံးစားလုပ်မှုနဲ့တရားစွဲဆ်ိုထားတယ် "
" ဒါဆိုကြားနေရတဲ့သတင်းက အမှန်ပဲပေါ့ S&K groupရဲ့ceoပြန်လာပြီးဆိုတော့သူကိုယ်တိုင်ဘာလို့ လာမပူးပေါင်းရတာလဲ "
" ဟုတ်ပါတယ် ceoကခုတလောရှင်းစရာပြဿနာတွေနဲ့မအားဘူးဖြစ်နေလို့ လာမတွေ့နိုင်တာပါ "
" အင်း ဒါမဲ့ကိုယ်တို့companyကနိုင်ငံခြားprojectတွေကိုအဓိကထားတယ်ဆိုတာမင်းတို့သိမယ်ထင်တယ် "
" ကျွန်တော်တို့ သိပါတယ် ဒီဟာနဲ့ဆိုရင်ရောခင်ဗျားတို့ပူးပေါင်းမှာလား "
မိုးထက်ယံ သူတို့ကြိုတင်စီစဥ်ထားတဲ့အတိုင်း ဖိုင်ကိုထုတ်ပြလိုက်သည်။
ခန့်မင်း သူရှေ့ကကောင်လေးထုတ်ပြလာတဲ့ဖိုင်စီ အကြည့်မရောက်။သူအကြည့်ရောက်မိတာက ထိုကောင်လေးရဲ့ လက်ချောင်းသွယ်သွယ်လေးတွေစီကို။
ယောက်ကျားလေးလက်လို့မထင်ရလောက်အောင် တော်တော်လေးလှတယ်။
သူအခန်းထဲဝင်လာတုန်းကတောင် မိုးထက်ယံဆိုတဲ့ကောင်လေးကိုမိန်းကလေးလို့ထင်နေမိတာ။ယောက်ကျားလေးလ်ို့သာပြောနေတာ ယုံနိုင်စရာမရှိ။မျက်မှန်ဝိုင်းလေးတပ်ထားပြီး ခန္ဓာကိုယ်သွယ်သွယ်လေးကမိန်းကလေးရှုံးအောင်လှလွန်းလို့ ခန့်မင်းအကြည့်မခွာနိုင်အောင်ဖြစ်လို့။
YOU ARE READING
You're My Oxygen
RomanceZawgyi " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ" Unicode " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ"