Part9

95 17 10
                                    

Unicode

နေ့တိုင်းလိုလို ကော်ဖီဆိုင်ကိုလာတဲ့သျှားစစ် ဒီနေ့လဲထပ်လာသည်။ဒီဆိုင်ရဲ့ ကော်ဖီကိုရောကောင်လေးကပါ သူ့အကြိုက်ဖြစ်နေသည်မလား။မနေ့က မျက်နှာမကောင်းဖြစ်သွားတဲ့ကောင်လေးကို ဒီနေ့တော့စကားများများပြောပေးရမယ်လို့ သျှားစစ်တွေးထားမိသည်။အဲ့တာကြောင့် ဆိုင်ထဲဝင်လာပြီးထိုင်နေကြ နေရာလေးမှာပဲထိုင်ကာကောင်လေးအလာကိုထိုင်စောင့်နေလိုက်သည်။

" လူကြီးမင်း ဘာများသုံးဆောင်ပါမလဲရှင့် "

" ခါတိုင်းလိုပဲ "

" ရှင်..အာ ဟုတ်ကဲ့ "

ခါတိုင်း ဆိုင်လာပြီးဆိုတာနဲ့သူ့စီလာနေကြကောင်လေးက ဒီနေ့တော့အရိပ်ယောင်တောင်မတွေ့မိဘူး။စိတ်များဆိုးသွားလေသလား ကောင်လေးရယ်...

" ဂျာကြီး သူဌေးဖျော်ပေးနေကြ ဧည့်သည်အတွက်ဘယ်လိုလုပ်ပေးရမလဲ ဒီနေ့သူဌေးမှမလာတာ "

" ဆိုင်မှာဖျော်နေကြ ကော်ဖီကိုပဲဖျော်ပြီးပို့လိုက် "

" ဖြစ်ပါ့မလား ဂျာကြီးရဲ့ သူဌေးဖျော်တဲ့အရသာနဲ့တူမှမတူတာ "

" အဲ့တာဆို ညီဖျော်တဲ့ကော်ဖီမျိုး နင်တို့ဖျော်တတ်လို့လား "

" မဖျော်တတ်ဘူးလေ ဟီးဟီး "

" အဲ့တာဆိုရှည်မနေနဲ့ ဖျော်စရာရှိတာသာဖျော် "

" ဟုတ် "

လာတာနောက်ကျနေမလားဆိုပြီး မျှော်နေပေမဲ့ ကောင်လေးကတော့ရောက်မလားသေးဘူး။မျှော်နေမိတဲ့ သျှားစစ်ကတော့လည်ပင်းရှည်မတတ်ဖြစ်နေပြီ။

" ရပါပြီရှင့် "

မျှော်နေမိရင်း သူရှေ့ကိုလာချပေးသွားတဲ့ကော်ဖီက အနံ့လေးပြောင်းနေသလိုပဲ။ခါတိုင်းကောင်လေး လာချပေးတဲ့ဗနီလာနံ့လေးမဟုတ်။အနံ့မတူတဲ့ ကော်ဖီကိုသောက်ကြည့်လိုက်သည်။ ဒါ သူသောက်နေကြ ကော်ဖီတော့မဟုတ်ဘူးပဲ တစ်ဆိုင်ထဲမှာပဲ ကော်ဖီကအရသာအမျိုးမျိုး ပြောင်းလို့ရတာလား။အခုကော်ဖီလဲ ကောင်းပါတယ် ဒါမဲ့သူနေ့တိုင်းသောက်နေကြ ကော်ဖီလေးကိုပဲကြိုက်တယ်။ဒါကြောင့်သူသိချင်တဲ့ အဖြေကိုသိဖို့အတွက် ဆိုင်မန်နေဂျာဆိုသူကိုခေါ်လိုက်လေသည်။

You're My OxygenWhere stories live. Discover now