Part5

121 15 5
                                    

Unicode

" ဟဲ့ ငါတို့အတန်းချိန်မရှိတော့ဘူးဆိုတော့ ဘယ်သွားကြမလဲ "

" ငါ ဆိုင်သွားမလို့ "

" ငါ အိမ်ပြန်တော့မှာ "

" ဟာ နင်တို့နှစ်ယောက်ကလဲမုန့်သွားစားရင်းအခုအသစ်ထွက်နေတဲ့ရုပ်ရှင်သွားကြည့်ကြမယ်လေ "

" အလွှာမ နောက်နေ့မှသွားစမ်းပါ ငါဆိုင်သွားမလို့ "

နွေဦးကငြင်းနေတော့ ခွန်းသုတကိုအဖော်စပ်ရတာပေါ့။

" ဟဲဟဲ ခွန်းငါနဲ့လိုက်ခဲ့လေဟာ နော် "

" ဟဲမနေနဲ့ နင့်ရုပ်ကြီးနဲ့လာချွဲမနေနဲ့ ငါကြောက်တယ် "

" လိုက်ခဲ့ပါဟာ ခွန်းရယ် "

" မလိုက်ဘူး ငါအိမ်မှာလုပ်စရာရှိတယ် "

" ပြောစမ်းပါအုံး ဘာလုပ်စရာရှိလို့လဲ အလုပ်မရှိ၁၀၉ ၁၁၀ကောင်ကများဘာတွေလုပ်စရာရှိနေရတာလဲ "

" ဂိမ်းဆော့မလို့ ရပြီးလားအဲ့တာငါ့အလုပ်ပဲ ငါ့လာမခေါ်နဲ့မလိုက်ဘူး "

" သွားကြဟာ ငါ့မှာဒီသူငယ်ချင်းလေးနှစ်ယောက်ပဲရှိတာကို သွားနောက်မှအလွှာမရေ..ဆိုလို့ကတော့လက်ဝါးပဲရမယ် "

" စိတ်မဆိုးပါနဲ့ဟာ ငါတကယ်ဆိုင်သွားမှဖြစ်မှာမို့လို့ "

နွေဦး မနက်ထဲကဆိုင်ကိုအရမ်းသွားချင်နေတာ ခါတိုင်းအဲ့လိုမဖြစ်ဖူးပါဘူး ဒီနေ့မှ စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။

" အေးပြီးရော ငါ့ဟာငါသွားမယ် ဒါပဲ "

ဝင့်လွှာ ဒီကနေ့ အတန်းချိန်မရှိတော့လို့ ဟိုနှစ်ကောင်နဲ့ရုပ်ရှင်သွားကြည့်မလားလို့ကို ငနာလေးတွေက အလုပ်တွေနဲ့ဆိုတော့လဲ အလုပ်မရှိတဲ့သူကပဲ ဆူပုတ်ပုတ်နဲ့ပြောပြီးထွက်လာခဲ့တော့သည်။
နွေဦးနဲ့ခွန်း စိတ်ဆိုးပြီးထွက်သွားတဲ့အလွှာမကိုကြည့်ပြီးနှစ်ယောက်သာခေါင်းခါမိတော့သည်။

" နွေဦးရေ ချော့ရပေအုံးမယ် "

" အေ့ကွာ ဒါဆိုငါသွားတော့မယ် အလွှာမကိုနောက်မှချော့တော့မယ် သွားပြီး "

You're My OxygenWhere stories live. Discover now